အဖိုးတန်သော ငယ်ရွယ်နုပျိုမှုများ ပျောက်ရှမသွားရလေအောင်
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် မဂဓတိုင်း ရွာသစ်တစ်ခုမှ လူတို့ သည် တောတွင်း၌ အလုပ်လုပ်ကြရာ မှက်၊ ခြင်တို့ ကိုက်သဖြင့် နီးရာလက်နက်ဖြင့် ရိုက်ပုတ်ကြရာမှ မှက်၊ ခြင်တို့သာမက အချင်းချင်း ရိုက်နှက်မိကြ သဖြင့် မိမိတို့ ကိုယ်၌ပါ ဒဏ်ရာရရှိ ဝေဒနာခံစား ရသည်ကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောတော်မူခဲ့သည်။
ရှေးရှေးအခါ ကာသိတိုင်းရွာတစ်ရွာမှ လှည်းသမားတစ်ယောက်သည် သစ်ရွေလျက်ရှိသည်။ မှက်ကြီးတစ်ကောင် သည် ဦးခေါင်းတွင် နား၍ ကိုက်ခဲလျက်ရှိသည်။ နာကျင်လှသဖြင့် အနီးရှိ သားငယ်ကို မှက်အားရိုက်ရန် ပြော၏။ သားငယ် သည် မှက်ကို အနီးရှိပုဆိန်ဖြင့် ခုတ်လိုက်ရာ အဖေ ၏ ဦးခေါင်းထက်ခြမ်းကွဲ၍ နေရာတွင်ပင် သေဆုံးရ သည်။
