ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်ချစ်ခင်ခြင်းဖြင့် ပိုမိုသာယာလှပသော အနာဂတ်ဆီသို့
မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်သည် မသင့်မြတ်ကြ။ တွေ့သည်နှင့် ရန်ဖြစ်ကြသည်ကို တစ်မြို့လုံးပင် သိကြ၏။ ကောသလ မင်းကြီးမှစ၍ မည်သူမျှ ထိုနှစ်ဦးကို သင့်မြတ်အောင် မလုပ်နိုင်ကြ။
