ပင်ယံဝင့်ကြွား ပန်းကလေးများ
လူကြီးဆိုတာ လူငယ်ဘဝကလာတာ။ ဆရာတိုင်း တပည့်ဖြစ်ဖူးတယ်။ စည်းကမ်းအစ စာသင်ကျောင်းကလို့ ဆိုတယ်။ အသိမကြွယ် လူမမည်များ ပင်ယံထက်ဖြား ဝင့်ကာကြွားလို့ လှပဝေဆာပွင့်လာဖို့လိုတယ်။ ရနံ့ရယ်မွှေးရောင်စုံအသွေး ကြည်နူးစိတ်တွေ မွေးဖွားစေသော လောကကို အလှဆင်လိုစိတ်တွေ ကိန်းအောင်းသက်ဝင်ဖို့ရာ ရောက်ရာဘဝ ကျရာကဏ္ဍက ပါဝင်ထမ်းရွက်ပါမှ လူသားပီသတဲ့ လူဖြစ်ရကျိုးနပ်သူ လူအများက လေးစားခံရသူဖြစ်မှာ အသေ အချာပါ။
