Skip to main content

ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှု

နိုင်ငံရေးစရိုက် နိုင်ငံရေး စရိုက် ဆိုသည်မှာ ပြည်သူတို့၏ နိုင်ငံရေးအပြုအမူကို ဖြစ်စေသည့် ပြည်သူများ၏ သဘောထားနှင့် အလေ့အထများပေါင်းစုထားသည့် အရာပင်ဖြစ်ပါသည်။ နိုင်ငံရေးစရိုက်တွင် ကောင်းမွန်သည့် လူမှုအသိုက်အဝန်းတစ်ခုကို ဖြစ်စေသည့် ကိုယ်ကျင့်တရားမျှတမှု၊ နိုင်ငံရေး ယုံတမ်းစကားများ ယုံကြည်မှု၊ တွေးခေါ်များ ပါဝင်ပါသည်။ နိုင်ငံရေးစရိုက်သည် အစိုးရတစ်ရပ် ၏ ပုံရိပ်ဖြစ်သလို ယင်းအစိုးရမတိုင်မီက ဖြစ်ပေါ် ခဲ့သည့် သမိုင်းကြောင်းနှင့် ရိုးရအစဉ်အလာတို့ ၏ အစိတ်အပိုင်းများလည်း ပေါင်စပ်ပါဝင်ပါသည်။

သတင်းအချက်အလက်မှန်တွေနဲ့ ဖွဲ့စည်းထားတဲ့ အကျိုးအကြောင်း အဆိုးအကောင်း စာအုပ်အပေါ် လေ့လာခြင်း

ယနေ့အခြေအနေကို ကမ္ဘာမှာ သတင်းအချက်အလက်နည်းပညာခေတ်လို့ တင်စားကြပါတယ်။ မိမိတို့က နေ့စဉ်နဲ့အမျှသတင်းတွေကို မီဒီယာပလက်ဖောင်း မျိုးစုံကနေ လွယ်လွယ်ကူကူ ရရှိနိုင်ကြတယ်။

ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှု

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးကူညီမှုသည် အဖွဲ့အစည်း၊ အုပ်စုတစ်စု၊ အစိုးရတစ်ဖွဲ့၊ နိုင်ငံတစ်နိုင်ငံ၊ ပြည်သူနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ အသင်းများနှင့် လူပုဂ္ဂိုလ်များ၏ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုများကို များစွာအထောက်အပံ့ ဖြစ်စေနိုင်သည့် အနေအထားတစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းနှင့် ကျော်ကြားသည့် လူပုဂ္ဂိုလ်တို့၏ ဘဝအတွေ့အကြုံများကို လေ့လာကြည့်ပါက မြင်တွေ့ရမည်ဖြစ်ပါသည်။

ပြည်သူကို နမူနာကောင်းပြသူများသာ ဖြစ်သင့်ပါသည်

အနုပညာရှင်တို့၏ အဆို၊ အငို၊ အပြောတို့သည် ပရိသတ်တို့၏ စိတ်နှလုံးကို ဆွဲဆောင်ညို့ယူ သိမ်းသွင်းနိုင်သည့်အတွက် အနုပညာသည် လူ၏ စိတ်ကိုလှုပ်ရှားစေနိုင်သော ပညာဟု ဆိုရမည် ဖြစ်သည်။ စိတ်ကူးဉာဏ်စွမ်းဖြင့် စေတနာ အလျောက် ဖန်တီးရသောပညာဖြစ်ပြီး အနုပညာ ၏ အစွမ်းကြောင့် ခံစားရသူ၌ ရသဖြစ်ပေါ်ရာ အနုပညာကို ရသပညာဟုလည်း ခေါ်နိုင်ပေမည်။

မီးလျှံထဲက ဘဝတစ်ခု

ယခုရက်ပိုင်းတွင်း မီးလောင်မှုဖြစ်စဉ်တွေ ဆက်တိုက်နီပါးဖြစ်ပွားနေတာ မြင်ရကြားရတော့ အတော့်ကို စိတ်လက် မချမ်းသာဖြစ်ရတယ်။ အချို့သော စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေရဲ့ မီးလောင် ကျွမ်းမှုဖြစ် စဉ်များဟာ ပေါ့ဆမီးမဟုတ်ဘဲ သမာသူတွေရဲ့ လက်ချက် ရှို့မီးဆိုရင်တော့ လုံ့လပယောဂ ၊ အားထုတ်သူအဖို့ ပစ္စုပ္ပန်သာမက နောင်သံသရာအတွက်ပါ အတော့်ကို အပြစ်ကြီးတယ်လို့ပဲဆိုရမယ်။ ကျွန်တော်တို့ဟာ ကံ၊ ကံ၏ အကျိုးကို ယုံကြည်သက်ကြတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်တာမို့ အဲဒီလိုပဲ ယုံကြည်ယူဆမိကြောင်းပါ။

အဖြူကို အနက်ဆိုးကြသူတို့ …

မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် စိတ်နေသဘောထား ဖြူစင်ကြသည်။ ရိုးသားကြသည်။ ရောင့်ရဲတင်းတိမ်ကြသည်။ ရရှိထား သော ဘဝလေးတွင် အေးအေးချမ်းချမ်း နေထိုင်ကြသည်။ အေးချမ်းစွာနေထိုင်ကြသော်လည်း မဟုတ်တာမလုပ်၊ မမှန်တာကိုမကြိုက်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်မြတ်နိုးကြသည်။ သတ္တိ၊ ဗျတ္တိရှိသည်။ ထိုတိုင်းရင်းသားပြည်သူတို့၏ ဓလေ့စရိုက်နှင့် ဝိသေသလက္ခဏာတို့သည်ကား လေးစားဂုဏ်ယူ မြတ်နိုးတန်ဖိုးထားစရာများ ဖြစ်သည်။

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာများ လက်လှမ်းတမီ စုစည်းဝေမျှခြင်း

စာရေးသူသည် ဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း တာဝန် ထမ်းဆောင်ရာတွင် မိမိအားအထက်မှပေးအပ် ထားသောတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ပါ သည်။ လုပ်ဖော် ကိုင်ဖက်များ၊ လက်အောက်ငယ်သားများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရင်း အတွေ့အကြုံများစွာရခဲ့ပါသည်။

အပြုံးမပျက် အမုန်းမဖက်ဘဲ ကျောင်းတက်ကြရအောင် ကိုသံချောင်း - မစာဥ တစ်ခန်းရပ် စကားပြောခန်း (၁၆)

“ခေါင်းလောင်းသံ။ တညံညံပေး...ရွာကျောင်းကို... သတိရနေတယ် သူငယ်ချင်းရေ..တို့များ ငယ်ငယ် တုန်းက ရွာအဝင်လမ်းဆီကလေ.. လက်ချင်းချိတ် ကာ.. ပြေးကာလွှား..” သီချင်းဆိုသည်ကို ရပ်၍ မစာဥက ကိုသံချောင်းအား ...
Subscribe to