မြန်မာမှ ဒေါ်လာစားမီဒီညာများအကြောင်း
ဒီမိုကရေစီနိုင်ငံတွေမှာ မီဒီယာဆိုတာ စတုတ္ထ မဏ္ဍိုင် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင် ကြီး သုံးရပ်နဲ့ ပြည်သူလူထုအကြား ပေါင်းကူး ပေးတာ၊ ဆက်စပ်ပေးတာ၊ ထိန်းကျောင်းပေးတာ၊ တည့်မတ်ပေးနိုင်တာက မီဒီယာတွေနဲ့ မီဒီယာ သမားတွေဖြစ်တော့ စတုတ္ထမဏ္ဍိုင်လို့ အထူးပြု ထားတာဖြစ်ပါတယ်။ ဘိုလိုတော့ရရင် Media television, radio and newspapers as providers of information ဖြစ်ပြီး writing media, printed media, online media ဆိုတာတွေလည်း ရှိနေပါတယ်။
