နိုင်ငံသားအခွင့်အရေးနှင့် တာဝန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ယနေ့ လက်ရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူ အားလုံးတို့ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသား သို့မဟုတ် ပြည်ထောင်စုသား သို့မဟုတ် နိုင်ငံသား ဟု လွယ်လွယ်ကူကူ ပြောဆိုနိုင်ပါသည်။ ပြည်ထောင်စုနိုင်ငံသားဟူသည်တစ်စားတည်းသာ ရှိပါသည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် သား၊ ကရင်ပြည်နယ်သား၊ ချင်းပြည်နယ်သား၊ ကယား ပြည်နယ်သား၊ ရခိုင်ပြည်နယ်သားဟူ၍ ခွဲခြား ခြင်းမရှိပါ။ အားလုံးပင် ပြည်ထောင်စု မြန်မာ နိုင်ငံသားများဖြစ်ကြပါသည်။ ။
