ဤခရီး နီးချင်ပါသလား
တပ်မတော်က နိုင်ငံတော်တာဝန်ယူခဲ့တာ တစ်လနီးပါးရှိခဲ့ပါပြီ။ ဒီလို တာဝန်ယူခဲ့ရတာဟာ အရင်းခံအကြောင်းတစ်ချို့နဲ့ လတ်တလော အကြောင်းရင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မှန်ကန်မှု မရှိနိုင်ခြင်း၊ တရားမျှတမှု မရှိခဲ့ခြင်း၊ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲမသမာမှု ဖြစ်နိုင်ခြင်း စတဲ့ အခြေအနေတွေရှိခြင်း စတာတွေကြောင့် ဒါတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီတစ်ချို့နဲ့ တပ်မတော်က ထောက်ပြတောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူ အဆင့်ဆင့်က လက်မခံ၊ ငြင်းပယ်ပြီး လျစ်လျူရှုခဲ့လို့ ဒီအဆင့်ကို ရောက်ခဲ့ရတာပါ။
