စည်းကမ်းများကို လေးစားလိုက်နာ ကျင့်ဝတ်သိက္ခာကို စောင့်စည်းခြင်းဖြင့် ..
“ကျွန်တော် ရုံးတက်ပါတယ်။ ဘယ်အစိုးရကိုမှ ကိုယ်စားမပြုဘဲ နိုင်ငံ့ဝန်ကို ထမ်းပါတယ်။ ကျွန်တော့် ဘဏ်အကောင့်ထဲမှာ သိန်းရာချီမရှိတဲ့အတွက် ကျွန်တော် ရုံးတက်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင် မဟုတ်တဲ့အတွက် ကျွန်တော် ရုံးတက်ပါတယ်။ ကျောထောက်နောက်ခံ မိဘဆွေမျိုးနဲ့ ငွေအင်အားမရှိတဲ့ အတွက် ကျွန်တော်ရုံးတက်ပါတယ်။ ကျွန်တော့်မိဘနဲ့ မိသားစုအတွက် တစ်ဖက် တစ်လမ်းကနေ အထောက်အကူပြုနိုင်ဖို့ ကျွန်တော် ရုံးတက်ပါတယ်။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ကျရာတာဝန် ထမ်းဆောင်ဖို့ ကျွန်တော် ရုံးတက်ပါတယ်။ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဘဝပေးအခြေအနေနဲ့ အတွေးအခေါ်များအရ သင်တို့ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ ဂုဏ်ယူပါတယ်” စသဖြင့် မကြာမီရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရေးသားထားသည့် ပို့စ်တစ်ခုကို ဖတ်လိုက်ရသည်။
