Skip to main content

Apr 14, 2026

အများပြည်သူသို့ အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Apr 14, 2026

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့ပြီဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့်အတူပြည်သူ့စစ်မှုထမ်း တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပါ ချီးမြှင့်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း" ဟု အနက်အဓိပ္ပါယ်ရကာ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှအညစ်အကြေးများကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို အေးမြစေကြောင်းရေပက်ဖျန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မိုးဗြဲဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ဒီမော့ဆိုဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ကယားပြည်နယ်၊ ဖရူဆိုမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

မြန်မာတို့အတွက် သင်္ကြန်၏အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းချိန်ကာလတစ်ခုဖြစ်ပြီး ထိုသို့ နှစ်သစ်ကူးပြောင်းသည့်အခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကိုဆေးကြောသည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာဆင်နွှဲကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီပွဲတော်များအနက် အကြီးကျယ်ဆုံးနှင့် အစည်ကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး၌ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ၍ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် အထင်ကရပွဲတော်တစ်ခုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြမည်ဖြစ်ပြီး ယနေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော်မြန်မာ့ရိုးရာအတာသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် သင်္ကန်းညီနောင်မြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည် ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေးနှင့် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအားတွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့မှုနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာ ခမည်းတော် ဦးပေါ်အေး - မယ်တော် ဒေါ်ဖွားရှင်တို့က ၁၃၀၉ ခုနှစ် နတ်တော်လပြည့်ကျော် ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်ဦးစီးပဓာနနာယက ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ သက်တော် (၇၉) နှစ်၊ သိက္ခာတော် (၅၉) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက်၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2026

တစ်နှစ်ကုန်၍ တစ်နှစ်ကူးသည့် အခါသမယ သင်္ကြန်တော်ကာလသို့ ကျရောက်ခဲ့ပြန်ပြီဖြစ်သည်။ “နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး။” ဟူ၍ မဟာအတုလမင်းကြီးက တန်ခူးလကို ဖွဲ့ဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

၂၀၂၆ ခုနှစ်၏ အာဆီယံအလှည့်ကျ သဘာပတိ အဖြစ်ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံက Virtual အစီအစဉ်ဖြင့် ဧပြီ ၉ ရက်မှ ၁၀ ရက်အထိကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ အကြိမ်(၃၀)မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

(၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (22ndASEAN Central Bank Governors’ Meeting-ACGM)၊ (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (13th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) နှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်ကြီးမှူး၍ Fully Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ Video Conferencing ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို၍ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေးတာဝန်ယူ၍ စိစစ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား ယမန်နေ့ညပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့တွင် တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု၊ အဆိုပါရထား လမ်းပိုင်းတွင် ဘူတာအသစ်များ ပြန်လည်တည်ဆောက်နေမှု၊ ရထားလမ်းပိုင်းရှိ တံတားများအခြေအနေ၊ တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့် တံတားလုပ်ငန်းနှင့် တောင်ငူဘူတာသစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2026

နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ပြည်ပနိုင်ငံအစိုးရကိုယ်စားလှယ်များသည် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့သည်။ ယင်းကိုယ်စားလှယ်များကို နေပြည်တော်တပ်မတော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်