Skip to main content

ဒွါရာဝတီ ငပလီကမ်းခြေဒေသမှ MSME ငါးနီတူပြုတ်ခြောက်လုပ်ငန်းကို လေ့လာခြင်း

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်၏ နေဝင်ရာအနောက်အရပ်ကို မျက်နှာမူလျက်တည်ရှိကာ ပြန့်ပြူးသောရေပြင် ညီကမ်းခြေ၊ ဖြူလွသောသဲသောင်ပြင်၊ ကြည်လင်သောရေပြင်နှင့် ပြာလဲ့သောပင်လယ်ပြင်ကြီးတို့ဖြင့် ကမ်းခြေအလျား ၈ ဒသမ ၅ မိုင်ခန့်ရှိကာ အေးချမ်းသာယာလှပသောကမ်းခြေအဖြစ်ကောင်း သောအမည်နာမများဖြင့် ကမ္ဘာကျော်သော ဒေသတစ်ခုလည်းဖြစ်ပါသည်။ အလွန်ကျယ်ပြောပြီး အေးချမ်းသော ကမ်းခြေပင်လယ်ပြင်ကြီးကို ပိုင်ဆိုင်ထားသဖြင့် ပြည်တွင်းပြည်ပမှ အနားယူအပန်းဖြေဧည့်သည်များဖြင့် အလွန်စည်ကားသလို တစ်ခါတစ်ခေါက်လာရောက်သော ဧည့်သည်များအား လတ်ဆတ်သော ရေငန်ငါး/ပုစွန်မျိုးစုံတို့ ကလည်း သဘာဝမှမျက်နှာသာပေးထားသည့်အလား ပင်လယ်စာများစွာဖြင့် ဆွဲဆောင်မှု ကောင်းသော ဒေသတစ်ခုလည်း ဖြစ်ပါသည်။

စိုက်ပျိုးရေးအတတ်ပညာများလေ့လာသင်ယူဖို့ အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ကြစို့

မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏စီးပွားရေးထုတ်ကုန် အများစုသည် စိုက်ပျိုးရေးကဏ္ဍမှ ထွက်ပေါ်လာကြသည်။ တိုးပွားလာသော လူဦးရေနှင့်အညီ နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရန်အတွက် လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် ထုတ်လုပ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လာသည်။

ကလေးများကျောင်းတက်တာဟာ အနာဂတ်နိုင်ငံတော် ထွန်းတောက်စေဖို့ပါ

မြန်မာတို့၏ “ကျောင်း” ဆိုသည့် အဓိပ္ပာယ်က ထိန်းကျောင်းကလာသည်ဟု ဆိုပါသည်။ ကလေးများကို ယနေ့မှစ၍ ဘဝအဆုံးသတ်သည့်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းကျောင်းတတ်အောင် လေ့ကျင့်ပေးသည့်နေရာပါ၊ အများမြင်သလို “စာချည်း သက်သက်သင်” ပေးသည့်နေရာမဟုတ်ပါ။ စာကိုအခြေပြု၍ လူ့စွမ်းရည် အစွမ်းကုန်ဖွံ့ဖြိုးအောင် လေ့ကျင့်သည့်နေရာပါ။

ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း

ယခုနှစ် နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့မှုကို တစ်နိုင်ငံလုံးသိသိသာသာ ခံစားကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့အပါအဝင် အချို့သောမြို့များသည် ကမ္ဘာ့အပူပြင်းဆုံး မြို့ကြီးများစာရင်း၌ ရက်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ပြင်းထန်သောအပူဒဏ်ကြောင့် ဒေသအချို့တွင် လူသေဆုံးမှုများပင် ဖြစ်ပေါ်ခဲ့ရသည်။ ဒေသအနှံ့အပြားတွင် ရေရှားပါးမှု၊ ရေတွင်းရေကန် ခန်းခြောက်မှုများနှင့် ကြုံတွေ့ကြရသည်။ ဤဖြစ်စဉ်များက အများပြည်သူတို့အား သစ်ပင်များများ စိုက်ပျိုးသင့်ကြောင်းနှင့် သစ်ပင်ခုတ်လှဲထားသော နေရာများတွင် ကြီးမြန်သစ်ပင်များ အစားထိုးပြန်လည်စိုက်ပျိုးသင့်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်ကို သိမြင်နိုင်ပါလိမ့်မည်။

အနာဂတ်ကိုထုဆစ်ဖို့ စက်မှုပညာသင်ကြစို့ အပိုင်း(၂)

လက်ရှိမြန်မာနိုင်ငံ၏ စက်မှုကဏ္ဍလုပ်ငန်းများတွင် တရားဝင်မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းကြီး၊ လုပ်ငန်းလတ်၊ လုပ်ငန်းငယ်ပေါင်း ငါးသောင်းကျော်နှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း နှစ်သောင်းကျော်ခန့်ရှိရာ အဆိုပါစက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း တစ်နည်းအားဖြင့် လိုအပ်လျက်ရှိသော စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင် စေမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့် ကျွမ်းကျင်လုပ်သား လုံလောက်စွာမရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး မှုနည်းပါးခြင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် စက်မှုသင်တန်းကျောင်းများအကြောင်းကို ဆက်လက်ဖော်ပြသွားပါမည်ဖြစ်ပါသည်။

အနာဂတ်ကမ္ဘာ စိမ်းလန်းစိုပြည်ဖို့ မြေသယံဇာတကို ပြန်လည်ထိန်းသိမ်းကြပါစို့

၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမဆုံးအကြိမ် လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံ ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ပြီး ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများက ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အာရုံစူးစိုက်ဖြေရှင်းဆောင်ရွက်လာကြစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်ခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစည်းအဝေးခန်းမ၌ ဂီတလောကဖွံ့ဖြိုးတိုးတက်ရေး ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ အမှတ် (၁၈-A) တွင် စာဆိုဗိမာန်အဆောက်အဉီတည်ဆောက်မည့် မြေနေရာကြည့်ရှု၊ ဗဟန်းမြို့နယ် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာဥက္ကဋ္ဌနှင့် သတင်းမီဒီယာများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစည်းအဝေးခန်းမ၌ ဂီတလောကဖွံ့ဖြိုးတိုးတက်ရေး ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ အမှတ် (၁၈-A) တွင် စာဆိုဗိမာန်အဆောက်အဦတည်ဆောက်မည့် မြေနေရာကြည့်ရှု၊ ဗဟန်းမြို့နယ် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာဥက္ကဋ္ဌနှင့် သတင်းမီဒီယာများနှင့်တွေ့ဆုံ
Subscribe to