Skip to main content

ပခုက္ကူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပခုက္ကူ ဇန်နဝါရီ ၂၈ ခရိုင်(ပြန်/ဆက်)

ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တည်ဆောက်ကြပါစို့

ယနေ့ကာလသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ကို စိုက်ထူနိုင်သည့်ကာလဖြစ်သည်။ အဆိုပါ အခြေခံအုတ်မြစ်ကို အလွယ်တကူ စိုက်ထူနိုင်ခဲ့ခြင်း မဟုတ်ပေ။ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ပရိယာယ်အမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် အချို့နှင့်နိုင်ငံရေးခေါင်းဆောင်အချို့၏ နှောင့်ယှက်မှု များကြားမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ မနေမနားကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူများနှင့် လူထုလူတန်းစားအားလုံးတို့၏ တစ်သွေးတည်းတစ်သားတည်း စုစည်းညီညွတ်မှုဖြင့် အခိုင်အမာစိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

လုံခြုံစိတ်ချခိုင်မာမှုရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်စေဖို့ အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် လျှောက်ထားဆောင်ရွက်စို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ရသင့်ရထိုက်သော အကောက်ခွန်နှင့်အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်တွင်းတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်ရောင်းကုန်ဝယ် ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ရာတွင် လွတ်လပ်စွာယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရေးနှင့် စားသုံးသူပြည်သူများအတွက် အာမခံချက်ရှိသော လုံခြုံဘေးကင်းစိတ်ချရသည့် ကုန်ပစ္စည်းများကို သုံးစွဲခွင့်ရရှိနိုင်ရန်တို့အတွက် တရားမဝင်ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများသည် လုံခြုံစိတ်ချခိုင်မာမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေနိုင်ရေးအတွက် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် လျှောက်ထားဆောင်ရွက်နိုင်ပါသည်။
Subscribe to