နှစ်သစ်နှင့်အတူ အစိုးရအဖွဲ့အစည်းသစ်များနှင့် ရှေ့ခရီး
တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းသည်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။ ထို့ကြောင့် တတိယအကြိမ်အတွက် လွှတ်တော်ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများက ၆-၁-၂၀၂၁ ရက်နေ့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ လွှတ်တော်အသစ်များ ပေါ်လာသည်နှင့် အစိုးရအဖွဲ့အသစ်များ တစ်ဆက်တစ်စပ်တည်းပေါ်လာပါ မည်။ ဤတွင် အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းထားပါ သနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။
