ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရန်အပါအဝင် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များအတွက် သီးနှံ၊ သစ်တော၊ သားငါးအတူ စိုက်ပျိုးမွေးမြူခြင်း နည်းစနစ်များကို အလေးပေးလာသော အာဆီယံ
စင်ကာပူနိုင်ငံတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်က အာဆီယံစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် (၃၈) ကြိမ်မြောက် အစည်းအဝေး(The Thirty Eight Meeting of the ASEAN Ministers on Agriculture and Forestry-AMAF) ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးက ထောက်ခံအတည်ပြုခဲ့သော အစားအစာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု (၂၀၁၆-၂၀၂၅) မျှော်မှန်းချက်နှင့် မဟာဗျူဟာအစီအစဉ်သည် လက်ရှိနှင့်အနာဂတ် မျိုးနွယ်ဆက်များ အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အပေါ် အပေါင်းလက္ခဏာဆောင်သော အကျိုးပြု နိုင်ရေးနှင့် လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့ အတွက် ယာမြေရှုခင်း (Landscape) အဆင့်၌ သစ်တော သယံဇာတများအား စဉ်ဆက်မပြတ် အုပ်ချုပ်မှုဖြင့် စီမံအုပ်ချုပ်ခြင်း သေချာစေလျက် အာဆီယံဒေသတွင်း၌
