Skip to main content

ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေး

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံစုဝေးနေထိုင်ရာနိုင်ငံဖြစ်သည်။ ရှေးယခင် ကာလကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လာခဲ့ကြသော သွေးသားရင်းချာ များ ဖြစ်ကြ သည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ နယ်ချဲ့တို့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ရရာလက်နက်စွဲကိုင်၍ အတူတူ တွန်းလှန် ခုခံခဲ့ကြသည်။

လွတ်လပ်ရေး အမွေ

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတို့ဖြင့် အေးအတူပူအမျှ၊ သုခ ဒုက္ခမှန်သမျှကို မျှဝေခံစားရင်း တစ်ခုတည်းသော အမိုးအကာ အောက်၌ အတူတကွ မှီတင်းနေထိုင်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအား နယ်ချဲ့ကျူးကျော်သူမှန်သမျှကို သွေးစည်းညီညွတ်ခြင်း အခြေခံ၍ ခေတ်အဆက်ဆက် ခုခံတိုက်ခိုက်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။ ၁၉ ရာစုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့သည်။ မြန်မာတိုင်းရင်းသားပေါင်းစုံတို့သည် သူ့ကျွန် မခံဇာတိမာန်ဖြင့် တွန်းလှန်ဆန့်ကျင်ကာ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ၁၉၄၈ - ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပေသည်။

ဝက်တုပ်ကွေး(Swine Influenza)ရောဂါအကြောင်း သိကောင်းစရာများ

ဝက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ဝက်များ အားလုံးတွင် အတွေ့ရများသော ရောဂါတစ်မျိုးဖြစ်ပြီး အသက်ရှူလမ်းကြောင်းတွင် အဓိက ဖြစ်ပွားတတ်သည်။ ဝက်များတွင် ရောဂါကူးစက်ဝင်ရောက်ပါက ရုတ်တရက် ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ မှိုင်နေခြင်း၊ ချောင်း ဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် နှာရည်များကျနေခြင်း စသည်တို့ကို တွေ့ရသည်။

လွတ်လပ်တဲ့ နိုင်ငံရဲ့ဂုဏ်ဒြပ်တွေနဲ့အညီ

နှစ်သစ်အကူး နှစ်ဦးအစ ရက်တွေရောက်တိုင်း ပြည်သူတစ်ရပ်လုံးအတွက်ရော နိုင်ငံတော်အတွက်ပါ မင်္ဂလာရှိတဲ့ နေ့ထူး နေ့မြတ်က စောင့်ကြိုနေလျက်ရှိပါတယ်။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက်ပါ တန်ဖိုးဖြတ်လို့မရနိုင်တဲ့အပြင် ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဝင့်ဝင့်ထည်ထည်ရပ်တည်နိုင်ခဲ့တဲ့ လွတ်လပ်ရေးနေ့က ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကို ထွေးပွေ့လိုက်သလို တည်ရှိနေလို့ ဖြစ်ပါတယ်။ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ရင်းနှီးပြီး ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ရရှိခဲ့တာမို့ အခုဆိုရင် (၇၃)နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီ ၄ ရက်ရောက်တိုင်း ပြည်သူတွေရဲ့ နှလုံးအိမ်မှာ လွတ်လပ်ရေးနဲ့ဆက်စပ်တဲ့ အသိတရားတွေနဲ့အတူ လေးလေးစားစားတန်ဖိုးထားကာ စောင့်ထိန်းကြရမယ့်စိတ်ဓာတ်တွေ ကိန်းအောင်းနိုင်ကြစေဖို့ နှိုးဆော် တိုက်တွန်းခံရတဲ့ စိတ်ခံစားမှုတွေဖြစ်ပေါ်စေပါတယ်။
Subscribe to