Skip to main content

အစဉ်လေးစားဖွယ်ကောင်းသည့် ကလောင်အစွမ်းဖြင့် ဉာဏ်အလင်းကို ဖွင့်ပေးကြသူများ (၂)

စာရေးဆရာကြီး မောင်ထင်မှာ တစ်ခေတ်တစ်ခါက မြန်မာစာပေ လောကအတွင်း မသိသူမရှိ၊ ရှားမှရှား ပညာရှင်တစ်ဦးဖြစ်ပါတယ်။ လီဗာ -၏ခရီးစဉ် စာအုပ်နဲ့ အမျိုးသားစာပေ ဘာသာပြန်ဆုရရှိထားခဲ့တဲ့ မောင်ထင်ဟာ အထင်ရှားဆုံး လက်ရာဖြစ်တဲ့ ဘနဲ့ မောက်ဂလိတို့လို ဝတ္ထုကြောင့်လည်း မြန်ပြည်တစ်လွှားက စာဖတ်သူအကြားမှာ နာမည်ကျော်ကြားခဲ့သူပါ။

ကျန်းမာရေးအထောက်အပံ့ကောင်းများ ဖြစ်စေသတည်း

နိုင်ငံပိုင်သတင်းစာများတွင် ဆေးရုံ၊ ဆေးခန်းများ ၂၄ နာရီဖွင့်လှစ်ကာ လူနာများအား လက်ခံကုသပေးလျက်ရှိနေကြောင်း သတင်းဖော်ပြချက်များကို တွေ့ရသဖြင့် ဝမ်းသာပိတိ ဖြစ်ရသည်။ ယခုနှစ် ဖေဖော်ဝါရီလလယ်ခန့်မှစ၍ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဆရာဝန်မရှိ၊ သူနာပြု မရှိ ဖြစ်သွားခဲ့ခြင်းကြောင့် ရောဂါဝေဒနာခံစားနေရသူများ သေသူ သေ၊ ပို၍ နာသူနာ ဖြစ်ခဲ့ရသည့် သတင်းများကို စိတ်မကောင်းစရာ ကြားသိခဲ့ရသည်မှ ယခုသတင်းများမှာ မင်္ဂလာ ရှိသောသတင်းလည်း ဖြစ်သည်။ သို့သော် လူနာနှင့် ဆရာဝန်၊ သူနာပြုအင်အား မလုံလောက် သေးသည်များက ရှိနေဆဲဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် CDM ဝင်သွားခဲ့သူ ဆရာဝန်၊ သူနာပြု ဆရာ ဆရာမများ ရှိနေသေးသောကြောင့်ဖြစ်သည်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လူတွေရဲ့ အထောက်အကူ အများကြီးလိုတယ်

နာမည်ကြီးတဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်တွေကြောင့် အလွန်ကြီးကျယ်တဲ့ အလုပ်တွေကို အောင်မြင်အောင် ဆောင် ရွက်နိုင်တယ်လို့ ကျွန်တော် အစကထင်ခဲ့မိပါတယ်။ လူတွေဆီက အထောက်အကူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရာဇဝင်မှာ နာမည်ကြီးတဲ့ ခေါင်းဆောင်တွေက အောင်မြင်မှုတွေကို စွမ်းဆောင်နိုင် ခဲ့တယ်လို့ ကျွန်တော်ထင်ခဲ့မိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ရာဇဝင်မှာ နာမည်ကြီးခဲ့တဲ့ ဂျူးလီးယက်ဆီဇာ (Julious Ceasar)၊ အေဗရာဟင်လင်ကွန်း (Abraham Lincoln)၊ ဝင်စတန်ချာချီ (Winston Churchill)စတဲ့ ခေါင်းဆောင်တွေကအစကြီးရဲ့ အကူအညီ၊ အထောက်အပံ့ကြောင့် အောင်မြင်မှုတွေရခဲ့ကြတာ ပါ။ လူတွေရဲ့ အထောက်အကူတွေမရခဲ့ရင် အောင်မြင်တဲ့ခေါင်းဆောင် တွေဖြစ်လာဖို့ မလွယ်ပါ။

လူငယ်သတင်းသမားတို့၏ အနာဂတ်မီဒီယာသမိုင်း မရိုင်းစေဖို့

(၁) ကုန်းဘောင်ခေတ် မြန်မာ့ကြေးနန်းမီဒီယာခေတ်၌ “ ငါမကောင်း၊ ငါ့အကြောင်းရေးကြပါ၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားအကြောင်းရေးကြပါ၊ သတင်းစာဆရာတွေ ငါ့နန်းတော်၌ အတားအဆီး မရှိ ဝင်ကြစေ၊ ထွက်ကြစေ ”။ မင်းတုန်းမင်းကြီး (၁၁၇၆-၁၂၄၀)၊ (မြနန်း စံကျော်၊ ရွှေနန်းတော်၊ ကုန်းဘောင်ခေတ် မြန်မာ့သမိုင်း) မင်းတုန်းမင်းကြီးသည် ၁၈၇၅ ခုနှစ် မတ်လ ၂၀ ရက်နေ့မှစတင်ပြီး ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးခေါင်းဆောင်နှင့် နိုင်ငံရေးစနစ်

နိုင်ငံတည်ဆောက်ရေးကိုအကောင်အထည်ဖော်ဆဲ ကာလဖြစ်သည်နှင့်အညီ စိန်ခေါ်မှုများသည် ကြောက်ခမန်းလိလိ များပြားလှပေ၏။ ပြဿနာ များသည် တစ်ခုရှင်းနိုင်လျှင် နှစ်ခုပေါ် လာသကဲ့သို့ တစ်ခုမရှင်းနိုင်ပါက သုံးခုဖြစ်သွားတတ်သော သဘောရှိရာ နိုင်ငံတည်ဆောက် ရေးကို ဦးဆောင် ဦးရွက်ပြုကြရသော ခေါင်းဆောင်များ၏တာဝန် သည် လွယ်ကူလှသည် မဟုတ်ပါ။
Subscribe to