ဂိုဏ်ဂဏစိတ်ကြီးပြီဆိုမှဖြင့်
အမှန်အတိုင်း ရှုမြင်သုံးသပ်ပြောဆိုရပါမူ ကျွန်တော် တို့နိုင်ငံသားအများစုသည် ဂိုဏ်းဂဏစိတ် အစွဲ အလမ်းကြီးကြ ပါသည်။ ဝေးဝေးမကြည့်ပါနှင့်။ ရပ်ကွက်ဘောလုံးပြိုင်ပွဲအဆင့်၌ပင် ဂိုဏ်းဂဏစိတ်၊ကြောင့် ရန်ပွဲများဖြစ်ကာ အော်ကြ၊ နှက်ကြ၊ ကွဲကြ၊ ပြုကြနှင့် အဆုံးသတ်ရသည်က များလေသည်။
