Skip to main content

အာရှအတက် မြန်မာ့အချက်

(၂၁) ရာစုဟာ အနောက်ကမ္ဘာ အကျ။ အရှေ့ကမ္ဘာအတက် ရာစုနှစ်ဖြစ် အကြောင်း စီးပွားရေး၊ နိုင်ငံရေး ပညာရှင် များက ခပ်စိတ်စိတ်ဟောကိန်းထုတ်လာ ကြတဲ့အတိုင်းပဲ အခုနှစ်များမှာ အနောက်ကမ္ဘာရဲ့ နိုင်ငံရေးသြဇာ ကစဉ့်ကလျား ဖြစ်လာခြင်းနဲ့ ကိုဗစ် ကပ်ဘေးကို အကြောင်းပြုတဲ့ စီးပွားရေး ဆိုင်ရာ အကျပ်အတည်းများ ပေါ်ပေါက် ခြင်းကို ကြုံတွေ့နေရပြီဖြစ်ကြောင်း -မျက်ဝါးထင်ထင် မြင်တွေ့လာနေရ ပါတယ်။ ကိုဗစ်ဂယက်ကြောင့် ထိခိုက်ကြရတာ တစ်ကမ္ဘာလုံး ဖြစ်သော်ငြားလည်း နဂိုမူလ ချမ်းသာကြွယ်ဝပြီးသား အနောက်တိုင်း အင်အားကြီးနိုင်ငံများက ပိုထိခိုက်မှု ပြင်းထန်ကြရပါတယ်။ ပညာရှင်များတွက်ချက်ထားတဲ့အထဲမှာ ကိုဗစ်ကပ် ရောဂါကြောင့် ဖြစ်ပေါ်လာရ တဲ့ ပြဿနာတွေ မပါဝင်ပါဘူး။ ကိုဗစ်ကြောင့် အနောက်ကမ္ဘာရဲ့ ပါဝါ ဆုတ်ကပ်ကို ပိုမိုဆိုးရွားစေခဲ့ရပါတယ်။

မဲမသမာမှုများ ဖြစ်ခဲ့သည့် ငြင်း၍ မရနိုင်သော အချက်များ

ခေါင်းစဉ်မှာ ဒီလိုပြောလို့ စာရေးသူက ယခုအသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုယ်စားပြုပြီးရေးသား တယ်လို့တော့မထင်လိုက်ပါနဲ့။ မဲမသမာ မှုဖြစ်ခဲ့တဲ့ အချက်တွေကို ဖော်ပြမှာဖြစ် လို့ တပ်မတော်ထောက် ခံသူလို့လည်း မထင်စေချင်ပါဘူး။ စာရေးသူက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဘယ်လို ဖြစ်ပွားခဲ့တယ်ဆိုတာကို စိတ်ဝင်စားလို့ UEC အသစ်ရဲ့ စစ်ဆေး တွေ့ရှိမှု - ထုတ်ပြန်ချက်တွေကို စောင့်ကြည့်လေ့လာနေတဲ့ သာမန် ပြည်သူတစ်ဦးပဲဖြစ်ပါတယ်။

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ မြင်ပင်ကျေးရွာတွင် ဝါးနှီးဖျာများအား တစ်ပိုင်တစ်နိုင်အနေဖြင့် ရက်လုပ် ရောင်းချလျက်ရှိ

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ မြင်ပင်ကျေးရွာတွင် ဝါးနှီးဖျာများအား တစ်ပိုင်တစ်နိုင်အနေဖြင့် ရက်လုပ် ရောင်းချလျက်ရှိ ဖြူး ဇွန် ၂၁ နေမျိုးလွင်

ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သည်

ရိုးသားဖြောင့်မတ်ခြင်းသည် ကြီးပွားတိုးတက် လိုသူတိုင်း ကျင့်သုံးအပ်သည့် အကောင်းဆုံး လမ်းစဉ်ပင် ဖြစ်ပေသည်။ ကမ္ဘာ့နိုင်ငံတချို့မှ နိုင်ငံ့ခေါင်းဆောင် များ မရိုးသားမဖြောင့်မတ် သောအခါ ထိုပုဂ္ဂိုလ်လည်း အတိဒုက္ခရောက်ရသကဲ့သို့ တိုင်းနိုင်ငံလည်း ကြီးမားစွာ ဆုံးရှုံးရသည်ကို လေ့လာတွေ့ရှိရသည်။ ထို့

မြန်မာပြည်ရဲ့ရတနာ ဧရာဝတီလင်းပိုင်ကိုကာကွယ်ပါ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနိုင်ငံ၏ဂုဏ်ကို ကိုယ်စားပြုသော အမှတ်သင်္ကေတများစွာ ရှိကြသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်၊ သယံဇာတ၊ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိုနိုင်ငံ၏ ထင်ပေါ် ကျော်ကြားမှုအဖြစ် ဂုဏ်ယူပြသလေ့ရှိသည်။ မြန်မာပြည်သည် သယံဇာတပေါကြွယ်သောနိုင်ငံ ဖြစ်သည့်အပြင် ရေသယံဇာတ ကြယ်ဝသောနိုင်ငံအဖြစ် ကမ္ဘာက သိရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ပင်လယ်ပြင်၊ ကမ်းရိုးတန်းနှင့် နိုင်ငံကို ဖြတ်သန်းစီးဆင်း နေသော မြစ်ကြီးများကို ပိုင်ဆိုင်ထားသောကြောင့် ရေသယံဇာတ ပေါကြွယ်ဝသောနိုင်ငံလည်းဖြစ်သည်။ ထိုရေသယံဇာတတို့တွင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှိခဲ့သော မြန်မာပြည်၏ ရတနာတစ်ပါးဖြစ်သည့် ဧရာဝတီလင်းပိုင်လည်း ပါဝင်သည်။

မူးယစ်ဆေးဝါးပြဿနာနှင့် ပရီကာဆာ ဓာတုပစ္စည်းများအန္တရာယ်

မူးယစ်ဆေးဝါးပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ ကြုံတွေ့နေရသည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုလည်း ကြုံတွေ့နေရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပြဿနာသည် နယ်မြေအေးချမ်းမှု မရှိသော၊ တရားဥပဒေစိုးမိုးမှု အားနည်းသော၊ သွားလာရခက်ခဲသော၊ လုံခြုံမှု အားနည်းသော ဒေသများတွင် အများဆုံးဖြစ်ပေါ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံအချို့တို့တွင်လည်း ထုတ်လုပ်နေလျက်ရှိသည်။ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာ ကြုံတွေ့နေရသောနိုင်ငံအများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပြဿနာများတွင် ဆင်းရဲသောနိုင်ငံများမှာ ပိုမိုခံစားနေရသည်။ ထို့ပြင် ကျေးလက်နေပြည်သူများထက် မြို့နေလူတန်းစား များတွင် မူးယစ်ဆေးဝါးသုံး စွဲသူပိုမိုများပြားသော်လည်း ကျေးလက်နေပြည်သူများမှာမူးယစ်ဆေးဝါး ပြဿနာနှင့်နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားနေရပါသည်။

အမှန်တရားကို နှုတ်ဆိတ်နေသလား

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေညောင်ပင်လမ်း အထက (၁) ကျောင်းရှေ့မှာ ဇွန် ၁၆ ရက် နံနက်က လူတစ်ယောက် သွေးအိုင် ထဲမှာ လဲကျသေဆုံးနေတယ်။ ဘေးမှာ ထမင်းချိုင့် လေးက ထောင်လျက် သားလေး။ ယာဘက်ရင်အုံ က သွေးတို့က တစိမ့်စိမ့်ယိုစီးကျလျက်။ အကြမ်း ဖက်သမားနှစ်ဦးက ဆိုင်ကယ်ပေါ် ကနေ ၃၈ ဘို့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက် ရသူက အသက် (၅၃)နှစ် အရွယ်ရှိ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးထွန်း ဖြစ်ပါတယ်။ နေအိမ်က နေ အလုပ်သွားစဉ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရ ခြင်းဖြစ်ပါ တယ်။ သူ့မှာ ဘာအပြစ်ရှိလို့လဲ။ အမှန် တရားဟာ နှုတ်ဆိတ်နေတယ်။
Subscribe to