Skip to main content

အမှန်တရားကို နှုတ်ဆိတ်နေသလား

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေညောင်ပင်လမ်း အထက (၁) ကျောင်းရှေ့မှာ ဇွန် ၁၆ ရက် နံနက်က လူတစ်ယောက် သွေးအိုင် ထဲမှာ လဲကျသေဆုံးနေတယ်။ ဘေးမှာ ထမင်းချိုင့် လေးက ထောင်လျက် သားလေး။ ယာဘက်ရင်အုံ က သွေးတို့က တစိမ့်စိမ့်ယိုစီးကျလျက်။ အကြမ်း ဖက်သမားနှစ်ဦးက ဆိုင်ကယ်ပေါ် ကနေ ၃၈ ဘို့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက် ရသူက အသက် (၅၃)နှစ် အရွယ်ရှိ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးထွန်း ဖြစ်ပါတယ်။ နေအိမ်က နေ အလုပ်သွားစဉ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရ ခြင်းဖြစ်ပါ တယ်။ သူ့မှာ ဘာအပြစ်ရှိလို့လဲ။ အမှန် တရားဟာ နှုတ်ဆိတ်နေတယ်။

အသိတာကို မေးဖို့မရှက်ပါနဲ့

ကျွန်တော် ကျောင်းကအောင်ပြီးတော့ မြန်မာ့ရေနံလုပ်ငန်းမှာ ဘူမိရူပဗေဒအရာရှိအဖြစ် စတင်အမှုထမ်းပါတယ်။ အလုပ်ဝင်ပြီး လပိုင်းအတွင်းမှာပဲ မြစ်ဝကျွန်းပေါ်၊ မအူပင်ဒေသကို ကွင်းဆင်း ဆောင်ရွက်ရပါတယ်။ အဲဒီအချိန်က မအူပင်ကို ကားလမ်းမပေါက် သေးပါဘူး။ သင်္ဘောနဲ့ပဲ သွားရပါတယ်။ ကျောင်းကလည်း အောင်စ၊ ဘဝင်ကလည်း ခပ်မြင့်မြင့်ဆိုတော့ အလုပ်ထဲမှာ မသိတာတွေကိုမေးဖို့ မာနကြီးနေပါတယ်။ ရေနံရှာဖွေရေးလုပ်ငန်းကလည်း ကျောင်းတုန်း က သင်ဖူးတာမဟုတ်တော့ မသိတာတွေကတော်တော်များပါတယ်။ မေးရမှာရှက် တော့ တတ်သလိုလိုနဲ့ လုပ်နေပေမယ့် ကိုယ်လုပ်နေတာ မှားလား မှန်လား မသိတဲ့အခြေ အနေပါ။ ဒီလိုဆက်ပြီး မမေးဘဲနေရင်

စည်းကမ်းဟူသည် လူ့တန်ဖိုး

ကျွန်တော်တို့ လူမှုနယ်ပယ် ပတ်ဝန်းကျင်တွင် စည်းကမ်းနှင့် ပတ်သက်၍ ပြောဆိုဆုံးမသည့် စကားများကို မကြာခဏ ကြားရတတ်သည်။ အများအားဖြင့် ပျက်စီးဆုံးရှုံးမှုကြုံသည့်အခါများ တွင် စည်းကမ်းမရှိခြင်း၏ အကျိုးအပြစ်များကို ထောက်ပြ၍ ပြောဆိုဆုံးမသည့် စကားများမှာ ကြားရအများဆုံးစကားများ ဖြစ်သည်။

ရာသီမရွေးသွားလာနိုင်သည့် လမ်းတံတားများကြောင့် မြို့ပြနှင့် ကျေးလက်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာသည့် ကရင်ပြည်နယ်

ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများ၍ မြေပြန့်လွင်ပြင်နည်းပါးပြီး သစ်တော များ ဖုံးလွှမ်းလျက်ရှိသည်။ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဘားအံမြို့နယ်တွင် ကမ္ဘာကျော်ဇွဲ ကပင်တောင်ကြီးရှိသည့်အပြင် ပြည်နယ်အတွင်း ဒေါနတောင်တန်းကြီး တည်ရှိသဖြင့် တောင်တန်းများ၏ သဘာဝအလှအပကို ခံစားနိုင်ရန် ခရီးသွားတို့ စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိသည့် ပြည်နယ် တစ်ခုဖြစ်သည်။

ဒုတိယပါ​ဂျောင် မဖြစ်စေလိုပြီ

ပြီးခဲ့တဲ့တစ်ပတ်က လူမှုကွန်ရက်စာမျက်နှာမှာ တောခိုသွားတဲ့ အနုပညာရှင်တစ်ဦးက တောတွင်းစခန်း (သူတို့အခေါ်တော့ တော်လှန်ရေး နယ်မြေ)တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစွာရှိနေတယ်ဆိုတဲ့ အကြောင်းကို တင်လာတာတွေ့ရပါတယ်။ စခန်းမှာ အားလုံးဟာ ဖြူစင်တဲ့မေတ္တာနဲ့သာ ဆက်ဆံကြပြီး ထိကပါးရိကပါး ပြောဆိုတာတောင် မရှိဘူးလို့လည်း ရေးသားထားတဲ့အတွက် တောခို သွားတဲ့ သားငယ်၊ သမီးငယ်၊ ညီ၊ ညီမ အရွယ်လေးတွေအတွက် စိတ်ပူပန်မှု အနည်းငယ်တော့ လျော့ပါးရပါတယ်။ ဒါပေမယ့် အခြားသတင်းတွေ အရတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ တောခိုသွားတဲ့သူတွေကို နေရာလုံခြုံရေးအတွက် တင်းကျပ်တာတွေ၊ စားရေးသောက်ရေး ခက်ခဲတာတွေ၊ စိတ်ကူးယဉ်ပြီး တောခိုသူတွေ ထင်ထားသလို၊ ရုပ်ရှင်ထဲကလို၊ စာအုပ်ထဲကလို ဖြစ်မလာတဲ့အတွက် ဒုက္ခရောက်ရတာတွေ စတဲ့ သတင်းအချို့လည်း ခိုင်လုံစွာ ကြားသိရတာတွေ ရှိပါတယ်။
Subscribe to