ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာကိုသာ လက်ဆင့်ကမ်းပါ
မေရီကေးလ်အလှကုန် ပစ္စည်းလုပ်ငန်း၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ မေရီကေးလ်အက်စ်သည် အခြားသူများ၏ အစွမ်းအစများအပေါ်တွင် အကောင်းမြင်ပုံ၏ အရေးပါမှုနှင့်တန်ဖိုးကို လုံးဝနားလည်တတ်သူဖြစ်သည်။ ခြံစည်းရိုး၏ နှစ်ဖက်စလုံးကနေ ကြည့်မြင်နိုင်၍ တန်ဖိုးအမှန်ကို သူသိရှိသည်။ ၎င်းတွင် ပြုစုစောင့်ရှောက်ရန် ကလေးနှစ်ယောက် ရှိနေသဖြင့် စတန်လီအိမ်သုံးပစ္စည်းလုပ်ငန်းတွင် စတင်အလုပ်လုပ်ခဲ့သည်။ အခြားသူများမှာ အရောင်း အခြေအနေ ကောင်းမွန်ကြောင်းကို တွေ့ရှိရသည့်အခါ သူ့အနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့အလှည့်သူ့အချိန်ကို ရောက်ရှိလာမည်ဖြစ်ကြောင်းကိုသိနေပြီး နှစ်ဆပို၍ကြိုးစားခဲ့သည်။ ။
