မြောင်ဇီး အမျိုးသမီးများ၏ ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်ခန့်အား အထပ်ထပ်ဖြင့် လှပစွာခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းထားကြ၏။ ကော်လံအပြားကြီးပါသော အင်္ကျီ လက်ရှည်ဆင်မြန်း၏။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားပြန်၏။ ထို့နောက် အပေါ်တွင် လက်ပြတ် ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာ စကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုးရှည်ကို ဆင်မြန်းကြလေသည်။