ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေ တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့ ဗီဇပြောင်းပိုးတွေက ဘာကြောင့်တွေ့ရှိရတာလဲ။ ဗီဇပြောင်းပိုးတွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေသလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
