Skip to main content

ငြိမ်းချမ်းရေး ၁၀ နှစ် ခရီးအလွန် သင်ခန်းစာ

၂၀၂၁ ခုနှစ် ဩဂုတ် ၁၈ ရက်က မြန်မာ့ငြိမ်းချမ်း ရေးခရီး၏ သက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ခဲ့သော သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသည် အာဏာရရှိ ပြီး ၆ လကျော်အကြာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စတင်ခဲ့ပါ၏။

မျိုးမြန်မာပြည်ရွာ တို့စောင့်ရှောက်ဖို့ပါ (သမိုင်းကို ခြေရာ ကောက်ကြည့်ခြင်း)

လက်ရှိရုံးပိတ်ရက်ရှည်ကာလအတွင်းမှာ စာတွေ တစ်ဝကြီးဖတ်ရှုဖြစ်သည်။ ကနဦးတွင် ဖတ်လက်စ ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်၏ “မင်းရေး ကြွယ်ကြွယ်”။ ပြီးတော့ “ဂျပန်ခေတ်စစ်ပညာသင် တစ်ဦး”၊ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊ “မုန်တိုင်းလွန်သော်” စာအုပ်တွေကို တစ်ဆက် တစ်စပ်တည်း ပြန်လည်ဖတ်ရှုဖြစ်တော့သည်။

ကျေးလက်ပြည်သူအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိပြီး ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။

မြန်မာ့တိုင်းရင်းဆေးပညာအရ ကံ၊ စိတ်၊ ဥတု၊ အာဟာရနည်းလမ်းများနှင့်ကိုဗစ်-၁၉ ရောဂါအား ကြိုတင်ကာကွယ်ခြင်း

သက်ရှိသက်မဲ့အားလုံးသည် အရင်းခံရုပ်အနေဖြင့် ပထဝီ(မြေဓာတ်)၊ အာပေါ(ရေဓာတ်)၊ တေဇော(မီးဓာတ်)၊ဝါယော(လေဓာတ်)၊ အာကာသ(အပိုင်းအခြားဓာတ်) ဓာတ်ငါးပါး အစုအဝေးမျှသာဖြစ်သည်၊ “ဓာတ်” ဟူသော အဓိပ္ပာယ်မှာ မိမိသဘောကို မိမိဆောင်တတ်သဖြင့် “ဓာတ်”ဟု ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်ငါးပါး အစုအဝေးပင်ဖြစ်သည်။ ထိုဓာတ်ငါးပါးတို့ ညီညွတ်မျှတလျှင် ကျန်းမာ၍ မညီညွတ်ဘဲ ဖောက်ပြန်ပါက အနာရောဂါ ဖြစ်စေပါသည်။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

အနောက်တောင်အရပ်မှ လေနုအေးများက မိုးသားတို့ကို ယူဆောင်လာခဲ့သည်။ ကောင်းကင်ထက်တွင် တိမ်လိပ်များက ပင်လယ်နှင့်ထိစပ်သည့် တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်မြေတို့ဆီမှသည် အရှေ့ဘက်စွန်းရှိ ရှမ်းရိုးမတောင်တန်း၊ မြောက်ဘက်စွန်းရှိ ကချင်ပြည်နယ်ရေခဲတောင်များရှိရာဒေသအထိ ခရီးနှင်လျက်ရှိသည်။ ဥတုသုံးလီမျှတသည့် နိုင်ငံ၊ သဘာဝသယံဇာတပေါကြွယ်သည့်နိုင်ငံ၊ ပရဟိတစိတ်ထက်သန်သည့်နိုင်ငံ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အားကောင်းသည့်နိုင်ငံ၊ ရိုးသားမှုကို မြတ်နိုးပြီး တရားမျှတမှုကို ကိုးစားသည့်နိုင်

Subscribe to