ကိုဗစ်ကာကွယ်ဆေး အမြန်ထိုးနှံရေးပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်
ကမ္ဘာပေါ်တွင် လူသားများကို အဓိကခြိမ်းခြောက်နေသည်မှာ ကမ္ဘာ့ကပ်ရောဂါများပင် ဖြစ်ပါသည်။ ကပ်ရောဂါများကြောင့် လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခဲ့ကြရပါသည်။ ကပ်ရောဂါများမှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ကာကွယ်ဆေးများကို လူ့အသက်ကယ် နိုင်ရန်အတွက် ပညာရှင်များက အပတ်တကုတ် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ကပ်ရောဂါများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြိမ်တိုင်းတွင် လူသားများအနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
