ဆောင်းညတစ်ညနဲ့ ဖွံ့ဖြိုးရေးအတွေးများ
ပုသိမ်မြို့ရေပေးရေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးနှင့် အတူတက်ရန် ခရီးစဉ်ဖြစ်လာလို့ ဇာတိရွာ မရောက်တာ ခြောက်နှစ်ကျော်၊ ခုနစ်နှစ်... အဖေနဲ့မတွေ့ရတာ သုံးနှစ်ခန့်ရှိပြီ။ အဖေက အသက် (၉၁) နှစ်။ အမေကတော့ အသက် (၈၁) နှစ်... လွန်ခဲ့တဲ့ လေးနှစ်က ကွယ်လွန် သွားပြီ။ ဝန်ကြီးထံ ခွင့်တောင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေစစ်ရင်း ဇာတိရွာကို ရောက်ဖြစ်ခဲ့ပါတယ်။
