ရွှေရတုတိုင်ခဲ့ပြီ IMT မှသည် MMMC
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်တွင်တည်ရှိသော သမိုင်းအစဉ်အလာရှိသော ရေကြောင်းအတတ်ပညာသင် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ တစ်ချိန်က ရေကြောင်းပညာသိပ္ပံ (Institute of Marine Technology) IMT အမည်ဖြင့် ကာလရှည်ကြာစွာ ရပ်တည်ခဲ့ပြီး ပင်လယ်ပျော် သင်္ဘောသားတို့ မွေးထုတ်ပေးရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေကြောင်းအတတ်ပညာ သင်ကျောင်းလည်း ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မျိုးဆက်သစ် ရေကြောင်းအရာရှိလောင်းတို့ကို အားသစ်လောင်းကာ နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနေပြီး နိုင်ငံတော်အတွက်သာမက နိုင်ငံတကာ ရေကြောင်းလောကအတွက်ပါ အားထားရသော ရေကြောင်းကောလိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။
