မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့”သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက်ကစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ်တိုင်ခဲ့လေပြီ။