Skip to main content

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအသိပညာပေး Talk Show

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအသိပညာပေး Talk Show ခန္တီးမြို့ စက်တင်ဘာ ၁၇ ခရိုင်(ပြန်/ဆက်)

တရားမရှိအယူမှား၍ အမုန်းတရားအာဃာတများ မတိုးပွားစေရန် .....

တစ်ခါတစ်ရံရေးသားချက်၊ ပြောဆိုချက်တွေက တရားစကားကို အခြေခံသော်လည်း လိုရင်းကအဆိုးဘက်ရောက်ပြီး အမုန်းနှင့်အာဃာတချည်း သာဖြစ်နေတတ်သည်။ မြတ်စွာဘုရား၏ တရားတော်များကိုတလွဲအသုံးချ၊ အမှန်ကိုအမှားပြုကာ ကုသိုလ်စကားပြောနေသော်လည်း ကိုယ်လုပ်နေသည့်အလုပ်က အကုသိုလ်ဖြစ်နေမှန်းမသိ၊ ထိုသူ ကိုယ်တိုင်ပင်ကုသိုလ်၊ အကုသိုလ်ကို ခွဲခွဲခြားခြားမသိ၍ ဖြစ်ပါလိမ့်မည်။ ထိုသို့ခွဲခြားမသိသည်က မောဟဆိုသည့် ဉာဏ်မဲ့မှုတရား တစ်နည်းအမှန်ကိုအမှားထင်၊ အမှားကိုအမှန်ထင်၊ အမြင်မှား၊ အယူမှား ဖုံးလွှမ်းလွန်း၍ ကိုယ်ပြောလိုက် ရေးလိုက်သော စကားတစ်ခွန်း၊ စာတစ်ကြောင်းက လူအများကို တွေဝေမိုက်မဲစေပြီး အကုသိုလ်ဖြစ်သွားတတ်သည်ကို မသိတော့၊ ထိုသူတို့၏ မသာယာမသင့်လျော်သည့် အမူအကျင့်များအောက်တွင် တရားမဲ့မှုများဖြင့် ပျက်စီးခြင်းများသာဆိုက်၍ အကျည်းတန်ဖြစ်ကြရတော့သည်။
Subscribe to