အဆိုးထဲက အကောင်းများ
မြန်မာနိုင်ငံမှာ ကပ်ဘေးတစ်ခုခုကြုံတိုင်း အခက်အခဲကြုံရသူတွေကို ကုသိုလ်နဲ့ယှဉ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံအလုပ်တွေ ပြုခွင့်ရကြတာဟာ အဆိုးထဲက အကောင်းတစ်ခုပါပဲ။ အထူးသဖြင့် ဘယ်သူမှ မျှော်လင့်မထား ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကြုံရတဲ့အခါမျိုး၊ အစာရေစာရှားပါး ပြီး ငတ်မွတ်ခေါင်းပါးဒဏ်ကြုံရတဲ့အခါများမှာ ဖြစ်ပါတယ်၊၊
