ကထိန်သင်္ကန်းနှင့် အကျိုးထူးငါးဖြာ
မြန်မာတစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမလဖြစ်ပြီး ရှေးခေတ်ကျောက်စာတို့၌ “တန်ဆောင်မှုန်” ဟုရေးထိုး၍ ရွတ်ဆိုခေါ်ဝေါ်ရာတွင် “တန်ဆောင်မှုန်း” ဟု ခေါ်ဝေါ်ကြသည်။ ထိုမှတစ်ဆင့် တန်ဆောင်မုန်းဟု ရွေ့လျားလာခြင်းဖြစ်ပေသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
