ပန်းကိုလို၍ အပင်ကိုပျိုးခဲ့သည် ပွင့်သောပန်းတို့ လန်းတော့မည်
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ခဲ့သည်။ မူလတာဝန်မှာ ထိပ်သီးအစည်းအဝေးကြီးများတက်ရောက်ရန်ဖြစ်သော်လည်း အကြီးအကဲမှာ အမိနိုင်ငံတော်အတွက် ထိုမျှနှင့်တင်းတိမ်မရောင့်ရဲနိုင်။ မိမိအနားယူရမည့် ကိုယ်ပိုင်အချိန်များကိုပင်အသုံးပြု၍ တက္ကသိုလ်များ၊ စက်ရုံ၊ အလုပ်ရုံများသို့ မနားမနေ သွားရောက်လေ့လာခဲ့သည်။
