နေရောင်ခြည်စွမ်းအင် (Solar Energy) သုံးနည်းပညာဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ရာတွင် အဓိကပစ္စည်းမှာ ဆိုလာပြား (Solar panel) များဖြစ်ပါသည်။ ဆိုလာပြားများကို ဆီလီကွန်ဒြပ်စင် (Silicon) ပေါ်အခြေခံပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းဖြစ်ရန် ဖန်တီးထုတ်လုပ်ထားပါသည်။ ဆိုလာပြားများကို အဓိကအားဖြင့် မိုနိုဆိုလာပြား (Monocry stalline panels) နှင့် ပိုလီဆိုလာပြား (Polycry stalline panels) ဟူ၍ ခွဲခြားထားပါသည်။ စွမ်းရည်ပိုမိုမြင့်မားသော မိုနိုဆိုလာပြားများကို ပိုမိုအသုံးများကြပါသည်။ မိုနိုဆိုလာပြားများသည် ပိုလီဆိုလာပြားများထက် တပ်ဆင်ရာတွင် နေရာအနည်းငယ်သာလိုအပ်ပြီး စွမ်းအင်ပိုမိုထုတ်လုပ်ပေးပါသည်။ ဈေးနှုန်းလည်း ပိုကြီးပါသည်။
