Skip to main content

မြိုင်မြို့တွင် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုအကြောင်း အသိပညာပေး Talk Show ပြုလုပ်

မြိုင်မြို့တွင် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုအကြောင်း အသိပညာပေး Talk Show ပြုလုပ် မြိုင် မတ် ၁၇ အောင်သူရ (ပြန်/ဆက်)

ဆိုရှယ်မီဒီယာပေါ်က ဆိုက်ဘာနှောင့်ယှက်မှုကို တုံ့ပြန်ဖို့ဆိုရာဝယ်

ဒီကနေ့ခေတ်မှာ အရွယ်သုံးပါး၊ ကျား၊ မ မရွေး သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာဆိုတာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေဖြစ်တဲ့ ၁၉၉၇ ခုနှစ်တုန်းက Six Degrees၊ ၂၀၀၂ ခုနှစ် ရောက်တော့ Friendster ဆိုတဲ့ ပလက်ဖောင်းတွေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ MySpace နဲ့ LinkedIn၊ ၂၀၀၆ ခုနှစ်မှာ Facebook စတာတွေ ပေါ်ပေါက်လာရာက လူအချင်းချင်း ဆက်သွယ်နိုင်သလို သတင်းအချက်အလက်လည်း မျှဝေနိုင်တဲ့ ပလက်ဖောင်းသဖွယ် ဖြစ်လာခဲ့ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုလှပသောအနာဂတ်ကို အတူလက်တွဲဖန်တီးကြပါစို့

၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော်ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ခုနစ်ခု၏ အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး စီမံကိန်းများစွာကို လက်တွေ့သွားရောက်စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ‌ ဝေဝေဆာဆာဖူးပွင့်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အမြန်နှုန်း၊ အင်အားနှင့် နက်ရှိုင်းမှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ “ရွှေရောင်ပလက်ဖောင်း” ၏ “ထိရောက်မှု နှုန်းထား”သည် အလွန်မြင့်ပါသည်။

အဖိုးတန်ရေချို တန်ဖိုးထားထိန်းသိမ်းကြစေလို

လူသားတွေရဲ့ နေ့စဉ်စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေမှာ သန့်ရှင်းတဲ့ရေရရှိမှသာ ပြီးပြည့်စုံနိုင်ပါလိမ့်မယ်။ ရေဟာသက်ရှိသတ္တဝါတွေနဲ့ အပင်တွေရှင်သန်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝသယံဇာတအရင်းအမြစ်ဖြစ်ပါတယ်။ ရေမရှိဘဲ ဇီဝလောက မတည်ရှိနိုင်ပါဘူး။ ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးရဲ့ သုံးပုံနှစ်ပုံကျော်ကို ရေတွေနဲ့ဖုံးလွှမ်းထားပေမယ့် အဲဒီကမ္ဘာ့ရေထုစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းက သက်ရှိတွေသောက်သုံးမရတဲ့ ဆားငန်ရေတွေဖြစ်ပြီး ကျန် ၃ ရာခိုင်နှုန်းကသာ ရေချိုဖြစ်ပါတယ်။ ကျွန်ုပ်တို့လူတွေက မြေပေါ်မှာရှိတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်နဲ့ မြေအောက်က ရေချိုတွေကိုသာ အမှီသဟဲပြု သုံးစွဲကြရတာပါ။ ဒီလိုရှားပါးပြီး တန်ဖိုးကြီးမားလှတဲ့ ရေချိုတွေကို ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းက ကျန်းမာပျော်ရွှင်ဖို့နဲ့ ငြိမ်းချမ်းသာယာဝပြောဖို့အတွက် စနစ်တကျ တန်ဖိုးထားထိန်းသိမ်းကြဖို့ လွန်စွာအရေးကြီးပါတယ်။
Subscribe to