Skip to main content

မြန်မာ့ရိုးရာလက်မှုအတတ်ပညာတစ်ခုဖြစ်သည့် အိုးလုပ်ငန်းများ မတိမ်ကောစေရေး လက်ဆင့်ကမ်းထိန်းသိမ်း

မြန်မာတို့သည် ယဉ်ကျေးမှုအရာတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းတိုးတက်ခဲ့သည်။ အနောက်နိုင်ငံများလောက် စက်မှုအရာတွင် ထွန်းကားမှုမရှိသော်လည်း ရှေးအစဉ်အဆက်ကတည်းကရှိခဲ့သည့် မိရိုးဖလာလက်မှုပညာများတွင်မူ အဆင့်အတန်းနိမ့်ကျခြင်းမရှိခဲ့ဟု ဆိုနိုင်ပါသည်။

သီးနှံစိုက်ပျိုးမှုအပေါ် ၂၀၁၅ ခုနှစ် ရေကြီးနစ်မြုပ်မှု၏ အကျိုးသက်ရောက်မှု

စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကြောင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုများအပေါ်တွင် ထိခိုက်ပျက်စီးမှု များပြားပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းရာဂီကြောင့် ၂၀၂၄ မိုးစပါးကိုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ လွန်ခဲ့သော ၁၀ နှစ် ၂၀၁၅ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း ကိုမန် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှု၏ ကျေးလက်နေအိမ်ထောင်စုများ၏ လူနေမှုဘဝကို ထိခိုက်မှုများအား လေ့လာခဲ့သော သုတေသနရလဒ်များကို ပြန်၍လေ့လာကြည့်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပါသည် (UNICEF, 2025)။ ထိုရေလွှမ်းမိုးမှုသည် အဓိကဆန်စပါးစိုက်ပျိုးသော ဒေသများဖြစ်သည့် ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွင်လည်း ပျက်စီးဆုံးရှုံးမှုများခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အဖြစ် စိုက်ပျိုးထုတ်လုပ်နေသည့် ရွှေဘိုပေါ်ဆန်းစပါး

ဆန်စပါးသည် နှံစားသီးနှံများအနက် စိုက်ပျိုးထုတ်လုပ်သုံးစွဲမှု အများဆုံးသီးနှံဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ဆန်စပါးကို အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိကြရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသော သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်စပါးသည် အဓိကစားသုံးသော သီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာ နှစ်စဉ် ဧက ၁၇ သန်းကျော် စိုက်ပျိုးလျက်ရှိသည်။

ဘေးကင်းလုံခြုံသည့် အလုပ်ခွင်ရရှိခြင်းဖြင့် လူကုန်ကူးမှုကို တားဆီးကာကွယ်

ပြည်ပနိုင်ငံများ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်များတွင် ဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်ခေါ်ယူပေးနေသည့်သတင်းများကို မကြာခဏ မြင်တွေ့ရသည်။

၂ဝ၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို မတ်လ (၂၁) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (၁) တွင် ကျင်းပသွားမည်

၂ဝ၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို မတ်လ (၂၁) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (၁) တွင် ကျင်းပသွားမည်

တနင်္သာရီမြို့၊ ဝင်္ကဘာကျောင်းတိုက်၌ နေ့ည အသံမစဲ မဟာပဋ္ဌာန်း အောင်မြင်ခြင်း ပိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီမြို့၊ ဝင်္ကဘာကျောင်းတိုက်၌ နေ့ည အသံမစဲ မဟာပဋ္ဌာန်း အောင်မြင်ခြင်း ပိတ်သိမ်းပွဲ အခမ်းအနားကျင်းပ တနင်္သာရီ မတ် ၁၅ ထိန်ဝင်း(ပြန်/ဆက်)

လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ်

လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ် လယ်ဝေး မတ် ၁၅ မျိုးသန့်ထွန်း (ပြန်/ဆက်)

ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ ဒေးဒရဲ မတ် ၁၅ အေဇာလင်း (ပြန်/ဆက်)

လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ (A Just Transition to Sustainable Lifestyles)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကို နိုင်ငံ၏ပထဝီဝင်ဒေသအတွင်း စီးပွားရေး ကြီးထွားမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု၊ သဘာဝသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းနိုင်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှု၊ ရာသီဥတုဖောက်ပြန်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှု၊ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဆင်းရဲမှုကွာဟမှုနှုန်း၊ အိမ်ရာတတ်နိုင်မှုနှင့် အိမ်ရာ၏ အရည်အသွေးကောင်းမွန်မှု၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုတတ်နိုင်မှု (သို့) အခမဲ့ရရှိနိုင်မှု၊ ပညာရေးတတ်မြောက်ရရှိနိုင်မှုနှင့် ပညာရေး၏အရည်အသွေးမြင့်မားမှု၊ မျှော်လင့်ခန့်မှန်းနိုင်သည့် ဘဝသက်တမ်းတွက်ချက်နိုင်မှု၊ ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးမှု၊ အခြေခံအဆောက်အအုံများတည်ရှိမှုနှုန်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေးတန်ဖိုးရှိမှု၊ ကောင်းမွန်သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားရှိမှု အစရှိသည့်အထွေထွေ သဘာဝတရားများအရ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နှိုင်းယှဉ်တိုင်းတာ သတ်မှတ်လေ့ရှိကြောင်း သိရသည်။ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထက်ဖော်ပြပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသား များအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

မြန်မာ့သနပ်ခါးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

မြန်မာနိုင်ငံသူ နိုင်ငံသားများသည် သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်တွင် စတင်အသုံးပြုခဲ့ကြကြောင်း နံရံဆေးရေးပန်းချီ အထောက်အထားများအရ လေ့လာသိရသည်။ ထိုမှဆက်တိုက် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှသည် ယနေ့မျက်မှောက်ခေတ်ထိအောင် ခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းကျံသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကျား၊ မ မခွဲဘဲ လူတန်းစားပေါင်းစုံ နှစ်ခြိုက်စွာအသုံးပြုလျက်ရှိကြသည်။
Subscribe to