ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး
နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကြီး ( United Nations World Tourism Organization UNWTO) က ချမှတ်ပေးသော ဆောင်ပုဒ်များနှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားများကို အဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပလေ့ရှိကြသည်။
