Skip to main content

ကိုဗစ် - ၁၉ ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ အောက်ဆီဂျင်ကုထုံး (Oxygen Therapy) ကိုလည်း တတ်နိုင်သမျှ အစွမ်းကုန် အများဆုံးရအောင် ဆေးရုံတွေမှာ ယခုဆိုရင် ကျွန်တော်တို့ ထပ်မံပြီး စီမံချက်အသစ်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ က အောက်တိုဘာ ၁ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါ သည် -

ဆရာများသို့ အမှတ်တရ

သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကတို့၏ အတက်၊ အကျ၊ အနိမ့်၊ အမြင့်၊ ပျက်စီးမှု၊ တည်ဆောက်မှု တို့ကို ဖန်တီးနေသူ၊ ဖန်တီးနိုင်သူမှာ လောက၏ ခေါင်းဆောင်လူသားပင် ဖြစ်သည်။ လူသည် အတွေ့ အကြုံကို အခြေခံ၍ ဘဝကို မြှင့်တင်သည်။ တည်ဆောက်သည်။ ကြံဆောင်အားထုတ်သည်။ လက်၊ နှလုံးသား၊ ဦးနှောက်တို့ဖြင့် ဖန်တီးသည်။ တီထွင်သည်။

နောင်ချိုမြို့၌ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀နှစ်နှင့် အသက် ၈၅နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

နောင်ချိုမြို့၌ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀နှစ်နှင့် အသက် ၈၅နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ် နောင်ချို အောက်တိုဘာ ၂ နန်းခင်မြတ်ဝါ (နောင်ချို၊ပြန်/ဆက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အရာထမ်းငယ် အခြေခံ သင်တန်းကို Online Learning System ဖြင့် စမ်းသပ်ဖွင့်လှစ်ပို့ချမည်

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ်ရာထူးနေရာများကို စနစ်တကျစိစစ်ရွေးချယ်ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန် ချက်များ ချမှတ် နိုင်ရေးတို့အတွက် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း နိုင်ငံတော်အစိုးရအား အထောက်အကူပြုရန် အတွက် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက် ရှိပါသည်။
Subscribe to