Skip to main content

မြန်မာနိုင်ငံရှိ မြေအုပ်စုသုံးစုရှိ မြေမျိုး ၂၂ မျိုး စီမံခန့်ခွဲမှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်၏ ပုဒ်မ ၃၇(က)၌ နိုင်ငံတော် သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထု အတွင်း ရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ပြဋ္ဌာန်းထား ပါသည်။

တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၆)

ကိုလိုနီခေတ် အမိရန်ကုန်တက္ကသိုလ်ကြီး၏ ကနဦး နိဒါန်း ကာလတွင် ရန်ကုန်ကောလိပ် ကျောင်း သား ကျောင်းသူ တို့၏ ပညာသင်ခရီးလမ်းမှာ ပန်းခင်းလမ်းမဟုတ်၊ ခယောင်းလမ်းသဖွယ် ကြမ်း တမ်းခဲ့သည်။ ထိုစဉ်က “ရန်ကုန် ကောလိပ်” (Rangoon College) မှာ အိန္ဒိယနိုင်ငံရှိ “ကိုလ်ကတ္တား တက္ကသိုလ်” ၏ လက်အောက်ခံဖြစ်ခဲ့ပြီး တည်ရှိခဲ့ရာနေရာမှာ ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းဆုံ မီးပွိုင့်အနီး ယခုလသာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) နေရာ [ထိုစဉ်က ရန်ကုန်အစိုးရ အထက်တန်းကျောင်း (Rangoon Government High School)]ပင် ဖြစ်သည်။

ဟားခါး၌ သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်ဖြင့် စားတော်ပဲ(၅)ဧက ပထမဆုံးအကြိမ် စတင်စိုက်ပျိုးပေး

ဟားခါး၌ သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်ဖြင့် စားတော်ပဲ(၅)ဧက ပထမဆုံးအကြိမ် စတင်စိုက်ပျိုးပေး ဟားခါး အောက်တိုဘာ ၂၈ အောင်ခွီရှိန်း (ပြန်/ဆက်)

ဒေးဒရဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများနှင့် မဲရုံပြင်ဆင်စရိတ်များထုတ်ပေး

ဒေးဒရဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများနှင့် မဲရုံပြင်ဆင်စရိတ်များထုတ်ပေး ဒေးဒရဲ အောက်တိုဘာ ၂၈ မြင်မြင့်ခိုင် (ပြန်/ဆက်)

ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်ခွင့်ကတ်ပြားများစစ်ဆေး

ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်ခွင့်ကတ်ပြားများစစ်ဆေး ဟိုပင် အောက်တိုဘာ ၂၈ တိုးတိုးမေ

ညောင်တုန်း၌ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ် လှူဒါန်းပွဲ ကျင်းပ

ညောင်တုန်း၌ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ် လှူဒါန်းပွဲ ကျင်းပ ညောင်တုန်း အောက်တိုဘာ ၂၈ ဝဠာနိုင် (ညောင်တုန်း)

ကာလရှည်ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာ ကိုဗစ်ရောဂါ

ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါသည် ၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ ယခုအခါ နိုင်ငံငယ် အချို့မှလွဲ၍ တစ်ကမ္ဘာလုံး လွှမ်းခြုံခဲ့ပြီးဖြစ်ပေသည်။ ယခုနှစ် ယနေ့အထိ ကမ္ဘာတစ်ဝန်း၌ ရောဂါဖြစ်ပွားသူ (ဓာတ်ခွဲ အတည်ပြုလူနာ) ၄၃ သန်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၃၂ သန်းနီးပါးနှင့့်် သေဆုံးသူ တစ်သန်းကျော် ရှိပြီဖြစ်သည်။

ကံ့ကော်တန်းက လွမ်းနေမည်

လွမ်းတတ်သူများအတွက် ဘယ်အရာမဆို လွမ်းစရာတွေချည်းဖြစ်သည်။ တန်ဖိုးထားလေ ပိုလွမ်းလေဖြစ်သည်။ သို့သော် အချို့သောအလွမ်းများက လွမ်းသူကို ပူလောင်စေတတ်၊ အိုမင်းစေတတ်ပါသည်။ အချို့အလွမ်းများမှာမူ လွမ်းသူကို ကြည်နူးစေတတ်၊ နုပျိုစေတတ်ပါ သည်။ ဒုတိယအလွမ်းမျိုးမှာ တန်ဖိုးရှိလှသည်။ ထိုအလွမ်းမျိုးကို လူတိုင်း လွမ်းစေချင်လှသည်။ ကျွန်တော်လည်း ထိုအလွမ်းမျိုး လွမ်းတတ်ဖို့ အားထုတ်နေပါသည်။
Subscribe to