ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားကန်သာ
ရန်ကုန်တက္ကသိုလ်သို့ ပညာသင်ယူတက်ရောက်ခဲ့ဖူးသော ကျောင်းသား ကျောင်းသူတိုင်း အင်းလျား ကန်ပေါင်ပေါ် မရောက်ဖူးသူ ရှိလိမ့်မည်မထင်။ ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် အကြိမ်များစွာရောက်ခဲ့ဖူးသည်။ အကြောင်း သည်ကား အင်းလျားကန်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအတွက် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာ ဖြစ်နေခြင်းကြောင့်ပင်။
