အမိတက္ကသိုလ်မြေမှ မူသစ်ဆောက်တည်ခဲ့ကြသူများ
တကသီလာဆိုတာ လေ့လာသင်ယူ စုဆောင်းကြံစည် တွေးတော၊ ကြံဆတီထွင်ဖြန့်ချိရတဲ့ နေရာပါ။ မျက်မှောက်ခေတ် အလိုအရတော့ သုတေသနရပ်ဝန်းတဲ့။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင် နေတဲ့ ကျွန်မဟာ သုတေသနရပ်ဝန်းမှာ ဘာတာဝန်တွေထမ်းလို့၊ ဘာတွေများ တီထွင်ကြံဆ တိုးတက်ပြန့်ပွားအောင် လုပ်ခဲ့သလဲလို့ ဆင်ခြင်မိပါတယ်။ သိပံပညာရပ်တွေ လို ဓာတ်ခွဲခန်းရလဒ် တွေနဲ့ သက်သေမပြနိုင်တဲ့ ဝိဇ္ဇာ ဘာသာရပ်တွေက လူတွေရဲ့ လောကအမြင်၊ ဘဝအမြင်တွေ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲအောင် ဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲ၊ သက်သေပြမလဲလို့ မေးစရာ၊ တွေးစရာဖြစ်ပါတယ်။
