Skip to main content

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ (Mask and Face Shield Campaign) ပြုလုပ်

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ (Mask and Face Shield Campaign) ပြုလုပ် ဆိပ်ဖြူခနောင်တို နိုဝင်ဘာ ၂၉ ဝေယံ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိလာသည့် အတွက် မန်တုံမြို့တွင် ယခင်ကထက် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တင်းကြပ်စွာ ဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိလာသည့် အတွက် မန်တုံမြို့တွင် ယခင်ကထက် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တင်းကြပ်စွာ ဆောင်ရွက် မန်တုံ နိုဝင်ဘာ ၂၉ စည်သူမောင်မောင်

မြင်းမူမြို့ နယ်တွင်စိုက်ပျိုးရေး ဦးစီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သဘာဝ ရွက်ဖျန်း မြေသြဇာများ ထုတ်လုပ်

မြင်းမူမြို့ နယ်တွင်စိုက်ပျိုးရေး ဦးစီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သဘာဝ ရွက်ဖျန်း မြေသြဇာများ ထုတ်လုပ် မြင်းမူ နိုဝင်ဘာ ၂၉ နေလင်းအောင်၊ အောင်စိုးဖေ

မြောင်မြို့နယ်တွင် ငရုပ်စိုက်တောင်သူများ မိသားစု စား၀တ်နေရေး အဆင်ပြေ

မြောင်မြို့နယ်တွင် ငရုပ်စိုက်တောင်သူများ မိသားစု စား၀တ်နေရေး အဆင်ပြေ မြောင် နိုဝင်ဘာ ၂၉ တင်ကိုကို၊ သက်မာဦး

တက်လှော်ပြဖူးစာနှင့် ဂျပ်ဆင် အဓိပတိ သစ်ပုပ်ပင်အိုအလွမ်း

ဟေမန္တဆောင်းရာသီ၏ အအေးဓာတ်က အင်းလျား ကန်ပေါင်တစ်လျှောက်တွင် နံနက်ခင်း နေခြည်နုနု အောက်၌ ကျန်းမာရေးအတွက် လမ်းလျှောက်ကြသူများ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်နေကြသူများ၊ အပြေးလေ့ကျင့်နေသူများဖြင့် စည်ကားလျက်ရှိသည်။ အရောင်အသွေးမျိုးစုံတို့ဖြင့် အင်းလျားကန်ကို အလှ ဆင်၍နေသည်၊၊ ကန်ပေါင်ပေါ်ရှိ ခုံတန်းလျားများပေါ် တွင်လည်း အမောအပန်းဖြေနေကြသူများ၊ မြက်ခင်း ပေါ်ရှိ စိုစွတ်နေသော နှင်းစက်များပေါ်တွင် ထိုင်နေကြသူ များဖြင့် ပနံရ၍နေသည်။

ဘွဲ့နှင်းသဘင်ခန်းမထဲက ဝတ်တော်ရုံဘွဲ့တေးဂီတ

အမိရန်ကုန်တက္ကသိုလ်ကြီး အသက်တစ်ရာပြည့်ချိန်တွင် ကျွန်တော်သည် အသက် ၈၀ ပြည့်ပြီး ဖြစ်နေပါသည်။ အမိတက္ကသိုလ်နှင့် ကျွန်တော်သည် အသက် ၂၀ မျှသာ ကွာသဖြင့် အတန်းပညာအစဉ်အတိုင်းတွက်လျှင် ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ဘွဲ့ရရမည် ဖြစ်သည်။ သို့သော် ကျွန်တော်၏ ပညာရေးဘဝက ဤသို့ မဖြစ်ခဲ့ပါ။

သာမညဖလ အခါတော်နေ့နှင့် ထိန်းသိမ်းသွားကြရမည့် မြန်မာ့ရိုးရာ ချစ်စရာဓလေ့၊ ပွဲတော်၊ အစဉ်အလာများ

တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော် နေ့ ဖြစ်သလို ဒီနေ့ဒီညမှာတော့ မြန်မာ့ရိုးရာပွဲတော်တွေ ထဲက အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြလေ့ရှိပါတယ်။ ဒါ့အပြင် ထိုနေ့ ထိုညအား ကျီးမနိုးပွဲ ည၊ ဆေးပေါင်းခတဲ့ည လို့လည်း ခေါ်ကြပြီး နိဗ္ဗာန်ဈေးခင်းခြင်း၊ ပံ့သကူပစ်ခြင်းနဲ့ ဆေးဖက်ဝင် ဆေးဝါးတွေကို ဖော်စပ်ခြင်း စတဲ့ မြန်မာ့ ရိုးရာ ချစ်စရာဓလေ့တွေလည်း များပြားစွာရှိတာ လေ့လာ ရပါတယ်။

တက္ကသိုလ်မှာ ဝေတဲ့နှင်း

စာရေးသူ ဆယ်တန်းအောင်တော့ ၁၉၇၁ ခုနှစ်ပေါ့။ ဇာတိက မိတ္ထီလာ၊ ဘာသာတွဲက ဝိဇ္ဇာ/သိပ္ပံဆိုတော့ အဲဒီအချိန်က တောင်ကြီးနှင့် မကွေး ဒီဂရီကောလိပ်တွေကို တစ်လှည့်စီ ကျောင်း တက်ရတယ်။ စာရေးသူတို့အောင်တဲ့နှစ်က မကွေးကောလိပ်ကို အလှည့်ကျခဲ့တယ်။ ဒီတော့လည်း အဓိပတိလမ်းက ခုံတန်းရှည်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်၊ ကံ့ကော်ပန်းတွေနှင့် လွမ်းစရာ့ ရန်ကုန်တက္ကသိုလ်အိပ်မက်ဟာ အဝေးမှာ ကျန်ခဲ့ပါတော့တယ်။

ရန်ကုန်တက္ကသိုလ်၊ ထီးတန်းကောလိပ်ကို သတိရမိသည်

၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလတွင် နှစ်ပေါင်း (၁၀၀) ပြည့်တော့မည့် အမိရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းတွင် တက္ကသိုလ်စတင်ပေါ်ပေါက်ပြီး နှစ်ပေါင်း ၃၆ နှစ်ခန့်အကြာ တိုးတက်များပြားလာ သည့် ကျောင်းသားဦးရေ၊ အဆောင်နေလိုသူ ကျောင်းသား ကျောင်းသူဦးရေ အခြေအနေအရ လိုအပ်ချက်များရှိလာသည်။ သို့ဖြစ်၍ တက္ကသိုလ်ပထမနှစ် ကျောင်းသား ကျောင်းသူများအတွက် ပထမနှစ် သင်တန်းများကို ကြည့်မြင်တိုင်မြို့နယ် ထီးတန်းကောလိပ်နှင့် ရန်ကင်းမြို့နယ် ရန်ကင်းကောလိပ်တို့ကို တက္ကသိုလ်၏ ကိုယ်ပွားကောလိပ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ စာသင်ခန်းများအဖြစ် အစိုးရအထက်တန်းကျောင်းများပုံစံ နှစ်ထပ်အုတ်ညှပ်အဆောက်အအုံဖြစ်ပြီး ကျောင်းသားများနေရန် သွပ်မိုး၊ ထရံကာ တန်းလျားများ ဖြစ်ကြပါသည်။

ရာပြည့်ကြုံသည့် ရန်ကုန်တက္ကသိုလ်

“မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာကြုံ x x x စာပေဂီတနဲ့သာ အနုပညာအစစမှာ လည်းစုံ x x x တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း x x x စုပေါင်းပါလို့ သီကျူးပုံ x x x တေးမင်္ဂလာ ဘဝင်မှာအေးလို့ x x x x x ငြိမ်းချမ်းကြစေကုန် x x x ”
Subscribe to