စေတနာ၊ မေတ္တာ၊ ကရုဏာများအတွက် မုဒိတာဖြစ်ရပါသည်
မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြတ်သန်းခဲ့သည်။ ပထမ လှိုင်းတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရာဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းမျှသာရှိ၏။ ကူးစက်မှုဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် လတွင် ထပ်မံကြုံတွေ့ ခဲ့ရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသည့်လူနာ ၁၂၄၂၇ ဦး၊ ကုသပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၃၉၁ ဦး၊ သေဆုံးသူ ၂၈၄ ဦးရှိပြီး ဆက်လက်ကုသမှုခံယူ သူ ၈၇၅၂ ဦးရှိသည်။
