တိုးမြှင့်ဆန်းသစ် အထည်ခေတ်
မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် လူဦးရေမှာ ၅၄ ဒသမ ၈ သန်းကျော်ရှိပြီး ကလေးဦးရေမှာ ၁၃ ဒသမ ၈သန်းခန့်နှင့် လူငယ်/လူကြီးဦးရေမှာ ၄၁ သန်း ကျော်ရှိပါသည်။ စားဝတ်နေရေးတွင် ယဉ်ကျေးမှုထွန်းကားလာမှုအရ အဝတ်အစားဝတ်ဆင်မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။သာ မန်လူတစ်ယောက်အတွက် အဝတ်အစား လိုအပ်ချက်မှာ တစ်နှစ်လျှင် ကလေးအတွက် ပိတ် ( ၁၄ ကိုက်ကျော်၊ လူငယ်/လူကြီးအတွက် ၃၂ ကိုက်ကျော်လိုအပ်၍ တစ်နိုင်ငံလုံးအတွက် တစ်နှစ်လျှင် ပိတ်ကိုက် ၁၅၃၇ သန်း လိုအပ်လျက်ရှိပါသည်။
