ကိုဗစ်-၁၉ ရောဂါမြန်မာနိုင်ငံတွင် ပျံ့နှံ့လာပြီးနောက် ချင်း (ဂျင်း) စားသုံးမှုမြင့်မားလာသည်ကို သတိပြုမိပါသည်။ ယခင်က ချင်းကို နေ့စဉ်ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ချင်းသုပ်အဖြစ် လည်းကောင်း၊ ချင်းဆီးပြားပြုလုပ်၍လည်းကောင်း စားသုံးလေ့ရှိရာမှ ယခုအခါ ဖျားနာခြင်းမှ ကာကွယ်ရန် အတွက် ချင်းမှုန့်ကို ရေနွေးကြမ်းတွင်ခတ်၍ သောက်သုံးသည့်အလေ့ ဖြစ်ထွန်းလာသည်ကိုလည်း တွေ့ရှိရ ပါသည်။