အာဆီယံထိပ်သီးအစည်းအဝေးနှင့် မြန်မာနိုင်ငံ
ယခုအခါ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ခန့်အပ်သည့်ရာထူး မဟုတ်သော ကိုယ်စားလှယ်တစ်ဦးကိုသာ အာဆီယံအမြဲတမ်းကော်မတီဥက္ကဋ္ဌက ဖိတ်ကြားမည်ဆိုသည့် သတင်းအပေါ်တွင် စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိကြရာ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှအမြင်ကို ပြည်သူများ သိရှိနိုင်ရန် သုံးသပ်တင်ပြလိုပါသည်။
