Skip to main content

ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ၊ ပညာရေးက

ယနေ့ကာလ လူ့အဖွဲ့အစည်းတွေအတွင်း၊ တော်တော်များများ (အားလုံးမဟုတ်) ခေါင်းဆောင်နေရာမှနေချင်ကြသည့်လူများကို တွေ့နေ ရပါသည်။ နေရာရပြီဆိုလျှင်လည်း အောက်ကလူတွေထက်ပိုပြီး တော်လို့၊ တတ်လို့ ဒီနေရာကို ရောက်လာတာဟု ထင်တစ်လုံးဖြင့် မာန်တက်နေတတ်ကြပါသည်။ “ငါ မင်းသားမလုပ်ရလျှင်၊ ပတ်မကြီးထိုးဖောက်မယ်” ဆိုသည့် စကားပုံအတိုင်း ရည်မှန်းချက်ပန်းတိုင် (လုပ်ငန်းတွေ)ကို အမြန်ဆုံးအောင်မြင်အောင် ပူးပေါင်းလုပ်ဆောင်မှုများကို မတွေ့ရတော့ပါ။ တကယ်တော့ ကိုယ်ဘယ်နေရာမှာ နေရ၊ နေရ အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ဖို့အတွက် လူတိုင်း လူတိုင်းပူးပေါင်းလုပ်ဆောင်ကြဖို့ တာဝန်ကိုယ်စီ ရှိကြပါသည်။ ။

အဆင်သင့်ရဲ့ ဟိုမှာဘက်

ထမင်းလေးစားရဖို့ လယ်ထွန်ရတယ်၊ ပျိုးထောင်ရတယ်၊ ပျိုးနုတ်ရတယ်၊ ကောက်စိုက်ရတယ်၊ ပေါင်းသင်ရတယ်၊ ရေသွင်းရတယ်၊ မြေဆီ ကျွေးရတယ်၊ စာခြောက်ရတယ်၊ စပါးရိတ်ရတယ်၊ စပါးပုတ်ရတယ်၊ ဆန်ဖွပ်ရတယ်၊ ထမင်းချက်ရတယ်။ အဆင့်တွေအများကြီး။ အဝတ်လေး တစ်ထည်ရဖို့ ယာထွန်ရတယ်၊ ဝါစိုက်ရတယ်၊ သားခွဲရတယ်၊ ပေါင်းသင်ရတယ်၊ ဝါကောက်ရတယ်၊ အစေ့ထုတ်ရတယ်၊ ဗိုင်းငင်ရတယ်။ ချည်စာချရတယ်၊ ဆေးဆိုးရတယ်၊ ရက်ကန်းရက်ရတယ်၊ ချုပ်ရတယ်။ အဆင့်တွေကအများကြီး။

ခံဝံ့ မခံဝံ့

မြန်မာနိုင်ငံ၏လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို ယခင်ကဖတ်ခဲ့ဖူးသော စာအုပ်များပါအကြောင်းအရာတို့နှင့် ချိန်ထိုးကြည့်ဖြစ်၏။ တစ်နည်းဆိုရသော် ပစ္စုပ္ပန်ကိုအတိတ်သို့ သယ်ဆောင်၍ တိုက်ဆိုင်ကြည့်မိခြင်းဖြစ်၏။ ဤသို့ကြည့်မိတိုင်းလည်း ယနေ့ အဖြစ်အပျက် များသည် ရှေ့သို့လားရာကို မမြင်ရဘဲ စာအုပ်ပါ အကြောင်းအရာများကဲ့သို့ပင် တစ်ပတ်ပြန်လည် နေသည်ကိုတွေ့ရ၏။ ရှေ့မရောက်ဘဲ နောက်ပြန်ရောက်နေခြင်းသာ ဖြစ်၏။

လူ့အဖွဲ့အစည်းအားကောင်းမှ ဒီမိုကရေစီ အားကောင်းမည်

လူ့အဖွဲ့အစည်း (Society) ဆိုတဲ့ သဘောတရားက နိုင်ငံတော် (State) သဘောတရား မပေါ် ပေါက်ခင် အရင်ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတာက လူ့ဘောင်အဖွဲ့အစည်း တွေ တောင့်တင်းခိုင်မာဖို့၊ မပြိုကွဲမပျက်စီးဖို့၊ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေဖို့အတွက် လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီရွေးကောက်ပွဲနှင့် မှန်ကန်ရှင်သန်နေသော မဲဆန္ဒရှင်သန်နေသော မဲဆန္ဒရှင်စာရင်း ရရှိရေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးခဲ့သော ယခင်ကော်မရှင် လက်ထက်က ပြုစုခဲ့သည့်မဲစာရင်းတွင် မဲဆန္ဒရှင် စုစုပေါင်း ၃၈၂၇၁၄၄၇ ဦးရှိသည့်အနက် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရ လက်မှတ် တစ်ခုခုမရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄၈၆၉၄၂၇ ဦး၊ နိုင်ငံသားကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၅၄၀၅ ဦး၊ နှစ်ကြိမ်ပါဝင်နေသူ ၃၅၉၆၂၀၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ် အချင်းချင်း မဲစာရင်းထပ်သူ ၁၀၉၁၇၇၆ ဦး၊ မဲစာရင်းပါ မွေးသက္ကရာဇ်အရ အသက် (၁၀၀) နှစ် အထက်ရှိသူ၂၀၅၆၆ ဦး၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၁၄၄၁၂ ဦး၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ် အချင်းချင်း မဲစာရင်းထပ်သူ၁၄၁၇၅၉၈ ဦးဖြစ်သဖြင့် မဲစာရင်းတွင် မဲမသမာမှု ၁၁၃၀၅၃၉၀၊ မဲဆန္ဒရှင် စာရင်း၏ ၂၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်ထက်တွင်ပြန်လည်စစ်ဆေးခဲ့ရာမှ မဲမသမာမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ များနှင့် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
Subscribe to