သာယာပျော်ရွှင် လုပ်ငန်းခွင်
နိုင်ငံတစ်ဝန်းတွင် အစိုးရလုပ်ငန်းဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အမြောက်အမြား လည်ပတ်တည်ရှိနေကြသည်။ သို့ရာတွင် ယင်းအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝချင်း မတူကွဲပြားကြပါ။ ထိုသို့ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ မတူကြသည့်အတွက် တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများ၏ လုပ်ငန်း တာဝန်များလည်း မတူညီနိုင်ကြပါ။
