သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာနက အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသူများအား စီးပွားရေးဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး အတန်းကျောင်းပညာရေးကိုပါ တစ်ပါတည်း သင်ယူခွင့်ရမည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများကိုမကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေးမြို့ကြီးများတွင်ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပြိုင်တည်း ဖွင့်လှစ်တော့မည်ဖြစ်သည်။