အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး
ယခုဆိုလျှင် ပြည်သူတို့နှင့် ကာလတစ်ခုကြာ ကင်းကွာခဲ့သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာမီအချိန်အတွင်း ကျင်းပတော့မည် ဖြစ်ပေသည်။ တိုင်းရင်းသားပြည်သူ အပေါင်းအတွက် အမျိုးသားရေး ကိုယ်ခံစွမ်းအားကြံ့ခိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည့်အတွက် အမျိုးသားရေး အားဆေးတိုက်ကျွေးသော ပွဲကြီးဟုပင် ဆိုနိုင်ပါသည်။
