ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ကြပါစို့
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals)ကို ပြည့်မီစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၏ ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးမှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
