ဂျပန်နိုင်ငံအစိုးရမှ မြန်မာအစိုးရသို့ တစ်ဆင့်ထုတ်ချေးပြီး မြန်မာအစိုးရမှ တောင်သူလယ်သမားများသို့ တစ်ဆင့်ပြန်လည်ထုတ်ချေးသည့် ချေးငွေပုံစံဖြစ်၍ နှစ်ဆင့်ချေးငွေ Two Step Loan ဟု ဆိုခြင်းဖြစ်ပါသည်။ ချေးငွေရယူသည့် တောင်သူလယ်သမားများက ပြန်လည်ပေးဆပ်သည့်ငွေကို သတ်မှတ်ကာလအလိုက် မြန်မာအစိုးရက ဂျပန်အစိုးရသို့ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။ JICA, Two Step Loan ချေးငွေစီမံကိန်းမှာ မြန်မာနိုင်ငံ SME ကဏ္ဍအတွက်ထုတ်ချေးသည့် ချေးငွေနှင့် လယ်ယာကဏ္ဍအတွက်ထုတ်ချေးသည့် Two Step Loan ဟူ၍ နှစ်မျိုးရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သည့် ချေးငွေမှာ လယ်ယာကဏ္ဍအတွက်ထုတ်ချေးသည့် Agriculture and Rural Development Two Step Loan (စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ) အမျိုးအစား ဖြစ်ပါသည်။