Skip to main content

ချစ်ကြည်ရင်းနှီးမှုမှသည် ဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည် …..

(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum 2022) တက်ရောက်ဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းတွေ၊ ပြန်လည်သုံးသပ်တင်ပြကြတာတွေကို မီဒီယာမျက်နှာစာ အမျိုးမျိုးမှာ တွေ့ရပါတယ်။ အလားတူ နိုင်ငံတကာသတင်းတွေမှာလည်း အထူးတလည် တင်ပြကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ဖြစ်ထွန်းလာတာကို ထုတ်ဖော်ပြသခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်ပါတယ်။ နှစ်နိုင်ငံအတွက် ကောင်းကျိုးဖြစ်ထွန်းမှုတွေဖြစ်လို့ မင်္ဂလာရှိတဲ့သတင်းကောင်းတွေ ဖြစ်ပါတယ်။
Subscribe to